October 20, 2024

၁၁. ၃. ၂၀၂၄
Written by Pan Ei

ဟောင်ကောင်မှာ တိုက်ခန်းတစ်ခုရဲ့ ဧည့်ခန်းထဲမှာရှိတဲ့ ဖန်ပုလင်းနှစ်ခုထဲက ကလေးငယ်နှစ်ဦးရဲ့ အလောင်းကို သန့်ရှင်းရေးသမားတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာကို တိုင်ကြားခဲ့ရာ ကလေးငယ်တွေရဲ့ မိဘတွေလို့ ယူဆရတဲ့ အသက် ၂၀ ကျော်အရွယ် စုံတွဲတစ်တွဲ ဖမ်ဆီးခံခဲ့ရပါတယ်။

ကလေးငယ်တွေရဲ့ မိဘဖြစ်သူတွေလို့ သံသယရှိသူတွေက အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ကလေးငယ်တွေရဲ့ အလောင်းကို ထည့်ထားတဲ့ ပုလင်းတွေက အမြင့် ၃၀ စင်တီမီတာ(၁ပေ) လောက်ရှိကာ အလောင်းတွေမှာ ထင်ရှားတဲ့ ဒဏ်ရာ လက္ခဏာတွေ မတွေ့ရှိရကြောင်း တာဝန်ရှိသူတွေက မတ်လ ၉ ရက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကလေးငယ်တွေရဲ့ အသက်နဲ့ မွေးကင်းစကလေး သေဆုံးခြင်း ဖြစ်စဉ် ဟုတ်မဟုတ် သိရှိနိုင်ဖို့ အလောင်းကို ခွဲစိတ်စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ သိရကာ တချို့သတင်းတွေရဲ့ဖော်ပြချက်အရ အဆိုပါကိစ္စနှင့် နီးစပ်သူ တစ်ဦးက ကလေးငယ်တွေဟာ ယောက်ျားလေးတွေဖြစ်ပြီး အလောင်းရဲ့ အရွယ်အစားကိုကြည့်ရင် မွေးကင်းစ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်မှာ တူအန်မွန်ခရိုင်ရှိ မီဟန်အဆောက်အဦက တိုက်ခန်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အိမ်ငှားတွေ ပြောင်းရွှေ့ပြီးနောက် အိမ်ရှင်က သန့်ရှင်းရေးသမားကို စေလွှတ်ခဲ့ခြင်းဖြစ်ကာ တရားမ၀င် အလောင်းတွေ စွန့်ပစ်မှုနဲ့ အဆိုပါတိုက်ခန်းမှာနေထိုင်တဲ့ စုံတွဲတစ်တွဲလို့ ယူဆရသူနှစ်ဦးကို ဖမ်းဆီးထားတာဖြစ်ပြီး အလောင်းတွေကို အရည်စိမ်ပြီး ပုလင်းတွေထဲမှာ သိမ်းဆည်းထားတယ်လို့ ဟောင်ကောင်အခြေစိုက် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *