October 20, 2024

၁၁. ၃. ၂၀၂၄
Written by Thinzar

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ သီရိမင်္ဂလာ၊ ( ၁၇) လမ်းထိပ်တွင် အမျိုးသားတစ်ဦးဆီမှ ပုဆိုးဖြင့်ထုပ်ပိုးသယ်ဆောင်လာသည့်အထဲတွင် လျှပ်စစ်ဝါယာကြိုးများခိုးယူသယ်ဆောင်လာ၍ ဖမ်းဆီးမိကြောင်း သိရသည်။

မတ်လ ၉ ရက် ည ၉ နာရီကျော်တွင် လုံခြုံရေးတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများ လှည့်ကင်းဆောင်ရွက်နေစဥ် အမျိုးသားတစ်ဦးမှ ပုဆိုးဖြင့်ထုပ်ပိုးသယ်ယူလာသည်ကို လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးရာ ထိုအထုပ်ထဲတွင် နေအိမ်အဆောက်အဦနှင့်လမ်းဘေးရှိ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင်မှ လျှပ်စစ်ဝိုင်ယာကြိုးများကို ခိုးယူဖြုတ်ခဲ့ကြောင်း ထိုအမျိုးသားက ဝန်ခံခဲ့သည်။

ဝါယာကြိုးများ ခိုးယူသည့် အမျိုးသားမှာ စိုးထက်အောင် ( ခ) အီးကုံးဖြစ်ပြီး တရားခံထံမှ အဖြူရောင်ကေဗယ်ဝါယာကြိုးနှစ်ချောင်း၊ အရှည် ၁၀ ပေခန့်ရှိ အဖြူရောင်ဝါယာကြိုးနှစ်ချောင်း၊ အရှည် ၁၂ ပေခန့်ရှိ အနက်ရောင်နှစ်ပင်တွဲဝါယာကြိုးတစ်ချောင်း၊ Horse တံဆိပ်ပါ ခဲချွန်ဓား အနီရောင် တစ်ချောင်း၊ သံဖြတ်လွှအပိုင်းတစ်ခုနှင့်အတူ TAIYO တံဆိပ်ပါ ဂက်စ်မီးခြစ်အပြာရောင်တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပြီး လက်ရှိတွင် ဖမ်းဆီးရရှိသည့် အမျိုးသားကို သက်ဆိုင်ရာမှ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *