October 20, 2024

MT News
၁၀. ၃. ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း သားငါးဖူလုံစေရေးအတွက် တိုက်ကြီးမြို့နယ် ခရိုင်ချင်းဆက်လမ်း မိုင်တိုင် ၃၄/၆ အနီး ဧက (၂၀၀၀) မြေနေရာပေါ် မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

လက်ရှိတွင် မွေးမြူရေးဇုန် လျာထားဧက ၂၀၀၀ အတွင်း ဇုန်အဝင်လမ်းနှင့်ဇုန်အတွင်းပတ်လမ်းများ ဖောက်လုပ်ပြီးစီးမှု၊ ဆက်လက်၍ လမ်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေရရှိရေး ချောင်းပိတ်တမံဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်တိုင်များ စိုက်ထူ၍ လျှပ်စစ်မီးရရှိရေး သွယ်တန်းမှု၊ မွေးမြူရေးဇုန်အတွင်းရှိ Box Culvert နှင့်လမ်းများ ခင်းကျင်းဆောင်ရွက်နေမှုကြောင်း သိရသည်။

အဆိုပါ မွေးမြူရေးဇုန်အား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သောပြည်သူများ အသား၊ ငါး ဖူလုံမှုရှိစေရန်အတွက် မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံခြားနွား၊ ဒေသနွား၊ နို့စားနွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ ဝက်၊ အသားစားကြက်၊ ဥစားကြက်၊ ဘဲ၊ ငုံးနှင့်ငှက်သိုက် မွေးမြူရေးတို့အား စီးပွားဖြစ် မွေးမြူထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းနှင့် တိရစ္ဆာန်အစာ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *