October 21, 2024

MT News
၁၀.၃. ၂၀၂၄

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လောင်းကစားမှုများကို စီမံချက်ရေးဆွဲ ဖမ်းဆီးအရေးယူလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစား ဖမ်းဆီးရမိမှုများအဖြစ် လောင်းကစားမှု ၁၅၉ မှု မှုဖမ်းမိခဲ့ပြီး ကျပ် ၁၉၈ သိန်းကျော် သိမ်းဆည်းရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့်အမှုများမှာ နှစ်လုံးထီအမှု ၉၄ မှုမှ တရားခံ ၉၇ ဦးဖမ်းမိခဲ့ပြီး ကျပ် ၇၄ သိန်းကျော် သိမ်းဆည်းရမိကာ၊ ချဲထီအမှု ၁၉ မှုမှ တရားခံ ၁၉ ဦးဖမ်းမိပြီး ကျပ် ၁၂ သိန်း ကျော် ဖမ်းဆီးသိမ်းမိခဲ့သည်။ ထို့အပြင် ဖဲမှု ၂၄ မှုမှ တရားခံ ၁၁၄ ဦးနှင့် ကျပ် ၇၅၀၇၅၅၀ နှင့် အခြားလောင်းကစားမှု ၂၂ မှုမှ တရားခံ ၈၀ နှင့် ၃၅၉၇၅၅၀ ကျပ်တို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး စုစုပေါင်း လောင်းကစားမှု ၁၅၉ မှု ဖမ်းမိတရားခံ ၃၄၀ ဦးနှင့် ၁၉၈၃၁၁၀၀ ကျပ်ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

ထို့ပြင် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လောင်းကစားမှုမှ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများမှာ လက်ကိုင်ဖုန်း ၉၃ လုံး၊ ဆိုင်ကယ် ၂၇ စီး၊ လက်တော့ပ် ၁ လုံး၊ Table ၁ လုံးနှင့် ထိုင်းငွေ ၁၅၄၂၀ ဘတ်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *