၁၀ . ၃ . ၂၀၂၄
Written by MMAK
◾ လီဗာပူး Vs မန်စီးတီး
Super Sunday ညရဲ့ Big Match ပွဲစဉ်ဖြစ်သလို
ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးက အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါတယ်။ နည်းပြဂွါဒီယာလိုအတွက် ပရီးမီးယားလိဂ်မှာ အခက်ခဲဆုံးအသင်းဟာ ကလော့စ်ရဲ့ လီဗာပူးလို့ ထင်ပါတယ်။ လီဗာပူးမှာ ညာနောက်ခံလူ အာနိုးမပါနိုင်ပေမဲ့ ဆာလက်နဲ့ ကွင်းလယ်က ဆိုဘိုစလိုင်းတို့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ မန်စီးတီးမှာ ညာတောင်ပံက ဒိုကူနဲ့ ဂရေးလစ်တို့ မပါနိုင်ပေမဲ့ ဘာနာဒိုဆေးဗားနဲ့ ဖိုဒန်တို့ ဝင်ကစားနိုင်ပါတယ်။ နှစ်သင်းလုံး အင်ပြည့်အားပြည့် ရှိနေသလို သူနိုင်ကိုယ်နိုင် အပြိုင်ကြဲမဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ လက်ရှိခြေစွမ်းအရ နှစ်သင်းလုံး ပုံစံကောင်းပြနေကြသလို နည်းပြတွေရဲ့ နည်းစနစ်အားပြိုင်မှုတွေကိုလဲ မြင်ရနိုင်ပါတယ်။ ဒီပွဲစဉ်မှာ အဝေးကွင်းမန်စီးတီးအသင်းက ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်ရှုံးဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ လီဗာပူးရဲ့ အန်းဖီးကွင်းမှာ အနိုင်ရသွားမယ်လို့်တော့ မထင်ပါဘူး။ သရေကျရင်တောင်ပြားငါးဆယ် အနိုင်ရမဲ့ အိမ်ရှင်လီဗာပူးကိုပဲ ရွေးချယ်ထားရမှာပါ။
◾ ဘရိုက်တန် Vs နော်တင်ဟန်ဖောရက်
ဘရိုက်တန်အသင်း သုံးပွဲဆက် ရှုံးနိမ့်ထားသလို ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ရိုးမားကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ နော်တင်ဟန်ဖောရက်အသင်းကလည်း သုံးပွဲဆက် ရှုံးနိမ့်ထားပြီး တန်းဆင်းဇုန်အထက်မှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။ အမှတ်ပေးဇယားအလယ်မှာရပ်တည်နေတဲ့ ဘရိုက်တန်အသင်းအနေနဲ့ အမှတ်မလိုတော့ဘူးဆိုပေမဲ့ ရှုံးပွဲဆက်နေမှုကိုရပ်တန့်ဖိုလိုအပ်သလို နိုင်ပွဲနဲ့အတူ ယုံကြည်မှု ရဖို့လိုနေပါတယ်။ နော်တင်ဟန်ဖောရက်အနေနဲ့ ဘရိုက်တန်အသင်းကို ယှဉ်ကစားလာမယ်ဆိုရင် သူတို့အမှားဖြစ်သွားမှာ ဖြစ်ပြီး ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ကစားမှ အခြေအနေကောင်းမှာပါ။ ဒီပွဲစဉ်မှာ အိမ်ရှင် ဘရိုက်တန်အသင်းက တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေးသုံးလုံးလေးဆယ်စားဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရ ရှုံးပွဲဆက်နေတဲ့ နှစ်သင်းဖွင့်ကစားကြမယ်ထင်ပါတယ်။ တိုက်စစ်ဖွင့်ကစားရင် အိမ်ရှင်ဘရိုက်တန်အသင်းရဲ့ တိုက်စစ်က ဂိုးပိုရလွယ်ပါလိမ့်မယ်။ အိမ်ကွင်းနိုင်ပွဲနှင့်အတူ ပြန်လည်နိုးထမဲ့ ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းကို ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။
◾ အက်စတွန်ဗီလာ Vs စပါး
ချန်ပီလိဂ်ဝင်ခွင့်နေရာအတွက် နှစ်သင်းလုံး အခွင့်အရေးရှိတာဖြစ်ပြီး တစ်ပွဲလျော့စပါးအသင်းအနေနဲ့ ဒီပွဲစဉ်မှာ မရှုံးဖို့လိုသလို အနည်းဆုံး သရေနဲ့ အနိုင်ကစားထားဖို့လိုပါတယ်။ စပါးနည်းပြ အန်ဂျီ အနေနဲ့က ဒီပွဲစဉ်မှာ အဝေးကွင်းဖြစ်ပေမဲ့ အနိုင်ကစားဖို့သာ ပြင်ဆင်ထားမှာ သေချာပါတယ်။ အမ်မရီရဲ့ ဦးဆောင်မှုနဲ့ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ဗီလာအသင်းရဲ့ အိမ်ကွင်းကလည်း အသင်းကြီးတွေ ကစားရခက်တဲ့ ကွင်းတစ်ခုဖြစ်ပါတယ်။ ဗီလာအသင်းအနေနဲ့က တိုက်စစ်ဆင်ကစားလာမဲ့ စပါးအသင်းကို ထိန်းကစားလာမယ်လို့ ထင်ပါတယ်။ ဒီပွဲစဉ်မှာ ဘော်ဒီကြေး ဒဲ့ဖောက်ထားပြီး ဂိုးပေါင်းကြေး သုံးလုံးအရှုံးဖြစ်ပါတယ်။ ဘော်ဒီကြေး ဒဲ့အနေအထားမှာ ဂိုးပေါင်းကြေး ပြင်းနေတာက ဂိုးပေါ်ကစားဖို့ ထိုးသားတွေ အာရုံစိုက်လာနိုင်ပါတယ်။ ထိန်းကစားလာမဲ့ ဗီလာအသင်းကြောင့် ဂိုးပေါ်မကြိုက်သလို ဂိုးစရတဲ့ အသင်းက ထိန်းကစားသွားမယ်ထင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဝက်စ်ဟမ်း Vs ဘန်လေ
စနေနေ့ညမှာ ရှက်ဖီးအသင်းသရေရခဲ့တာကြောင့် ဘန်လေအသင်း အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဘန်လေအသင်းအနေနဲ့ ပွဲစဉ်တိုင်းကို တိုက်စစ်ဖွင့်ကစားပြီး ဂိုးမရဘဲ ခံစစ်ပေါက်ပြီး ဂိုးတွေပေးနေရတာပါ။ နည်းပြကွန်ပနီအနေနဲ့ ပွဲစဉ်တိုင်းကို တိုက်စစ်အသားပေး ပုံစံအတိုင်းကစားနေတာဟာ သူ့ရဲ့အမှားဖြစ်ပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်းအသင်း ကြားရက်ယူရိုပါလိဂ်ပွဲစဉ်ကစားခဲ့ရပြီး ရှုံးနိမ့်ခဲ့သလို ဒီပွဲပြီးရင် အိမ်ကွင်းမှာကစားရမဲ့ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲကိုသာ စိတ်ရောက်နေမယ် ထင်ပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်းအသင်းက တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးငါးဆယ်စားဖြစ်ပါတယ်။ ယူရိုပါလိဂ် ပွဲစဉ်ကို စိတ်ရောက်နေနိုင်တဲ့ ဝက်စ်ဟမ်းအသင်းကို မကြိုက်ပါဘူး။ ဝက်စ်ဟမ်းအသင်း ဂိုးပြတ်ကြီး အနိုင်ကန်သွားမယ်လို့ မထင်သလို နိုင်ခဲ့ရင်တောင် ကပ်ပြီးတော့ အနိုင်ရသွားတာမျိုးဖြစ်နိုင်ပါတယ်။ အဝေးကွင်းဘန်လေအသင်းကို ကြိုက်ပါတယ်။
◾ ဘက်တစ် Vs ဗီလာရီးရဲ
ဘက်တစ်အသင်းအနေနဲ့ နောက်ရာသီဥရောပဝင်ခွင့်တစ်နေရာရဖို့အတွက် မျှော်လင့်ချက်ရှိနေသေးတာ ဖြစ်လို့ အိမ်ကွင်းပွဲစဉ်တွေမှာ အမှတ်ယူတတ်ဖို့လိုပါတယ်။ ဗီလာရီးရဲအသင်းကတော့ ကြားရက်မှာ ယူရိုပါလိဂ်ပွဲစဉ်ကစားခဲ့ရပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဗီလာရီးရဲအသင်းက တိုက်စစ်အားသန်တဲ့ အသင်းဖြစ်လို့ သွင်းဂိုးတွေ သွင်းနိုင်သလို ခံစစ်ကလည်း ပေးဂိုးတွေ အများကြီး ခွင့်ပြုထားရပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်ဘက်တစ်က သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဖြစ်ပါတယ်။ ယူရိုပါလိဂ် ပွဲစဉ်ကစားခဲ့ရတဲ့ ဗီလာရီးရဲအသင်း ပွဲပန်းနေသလို ခံစစ်ပေးဂိုးများတဲ့ ဗီလာရီးရဲအသင်းကိုမကြိုက်ပါဘူး။ နောက်ရာသီ ဥရောပဝင်ခွင့်တစ်နေရာ မျှော်လင့်ချက်ရှိနေတဲ့ အိမ်ရှင်ဘက်တစ် အနိုင်ရအောင် ကန်သွားမယ်လို့ ယူဆတာကြောင့် ဘက်တစ်အသင်းကို ရွေးပါမယ်။
◾လေဗာကူဆင် Vs ဝုဘတ်
ဘွန်ဒက်လီဂါ အမှတ်ပေးဖလားဟာ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းရဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ ဆယ့်ငါးမှတ်ထိဖြတ်ထားတဲ့ လေဗာကူဆင်အသင်းအနေနဲ့ ဒီရာသီရှုံးပွဲမရှိသေးတဲ့အတွက် ပွဲစဉ်တိုင်းကိုတော့ ဂရုစိုက်ကစားနေတာဖြစ်ပါတယ်။ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်မှာ သရေကျခဲ့တာ လေဗာကူဆင်အသင်း နောက်အပတ်မှာ အိမ်ကွင်းပွဲစဉ်ကစားရဖို့ရှိပါတယ်။ ဝုဘတ်အသင်းအနေနဲ့ လေဗာကူဆင်အသင်းရဲ့ အိမ်ကွင်းမှာ ခံစစ်ပိတ်ကစားလာမှာဖြစ်လို့ လေဗာကူဆင်အသင်း ဂိုးရနောက်ကျနိုင်ပါတယ်။ ယူရိုပါလိဂ်ပွဲစဉ်ကို အာရုံရောက်နေနိုင်သလို ဒီပွဲစဉ်မှာ ဂိုးတွေ အများကြီးသွင်းဖို့ထက် ထိန်းကစားလာဖို့များပါတယ်။ ဂိုးရနောက်ကျနိုင်သလို ဂိုးရခဲ့ရင်လည်း ရတဲ့ဂိုးကို ထိန်းကစားလာနိုင်တာကြောင့် ဒီပွဲစဉ်မှာ ဂိုးအောက်ကို သဘောကျပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးသရေမှာ လေးဂိုးလောက်ထိ မရောက်နိုင်ဘူးလို့ ယူဆထားသလို အလွန်ဆုံးရောက်မှ သုံးဂိုးလောက်ထိသာ ဖြစ်နိုင်လို့ ဂိုးအောက်ကို ရွေးပါ။