October 20, 2024

၁၀.၃.၂၀၂၄
Written By Thandar

ရွှေလက်တွဲကြမယ့် ချစ်သူတို့အတွက် Yangon Premium Wedding Expo စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza မှာ ကျင်းပခဲ့ရာ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် ထွန်းကိုကို၊ မေဂရေ့စ်၊ Makeup Artist မာမီကျော် ၊ Makeup Artist ခင်စန်းဝင်းစတဲ့သူတွေတက်ရောက်ခဲ့ကြပါတယ်။

“ကျွန်မတို့အနေနဲ့ Yangon Premium Wedding Expo ကို အင်တာနေရှင်နယ် wedding expo ကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပသွားမှာပါ။ ရွှေလက်တွဲကြမယ့် မင်္ဂလာ‌မောင်နှံတွေက တစ်စုတစ်စည်းထဲနဲ့နယ်ပယ် ၁၈ခုက လာရောက်ခင်းကျင်းပပေးမှာပါ။ လိုအပ်တဲ့ ကဏ္ဍမျိုးစုံကို ပြခန်းပေါင်းများစွာနဲ့ ပြသပြီး အထူးစျေးနှုန်းတွေလည်းရှိမှာဖြစ်လို့ လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် ” လို့ ပွဲစီစဥ်သူမခင်မဥ္ဇူရီ က‌ပြောတယ်။

အဆိုပါ အခမ်းအနားကို Wedding Expo ပွဲကြီးကိုတော့ လာမယ့် မတ်လ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ Fortune Plaza မှာ  နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ထွန်းကိုကို၊ မေဂရေ့စ် ၊ Makeup Artist မာမီသက် ၊ Artist ခင်စန်းဝင်းတို့ အပါအဝင် မော်ဒယ်လ်အများအပြားက ဖျော်ဖြေရေးအစီအစဥ်အနေနဲ့အတူ မင်္ဂလာဝတ်စုံဖက်ရှင်ရှိုး Round အနေနဲ့ ၅ကြိမ်ရှိုးလျှောက် ပြသကြမှာဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ Show မလျှောက်တာလည်းကြာပြီ။ စင်ပေါ်မတက်တာလည်းကြာပြီဆိုတော့ ရင်ခုန်ပါတယ်။ အကောင်းဆုံး ပါဝင်သွားပါမယ်” လို့ သရုပ်ဆောင် ထွန်းကိုကိုက ပြောပါတယ်။

ဒီပွဲကြီးမှာ‌တော့ Wedding Plabner ၊ ပန်းအလှဆင်၊ Hotel Ballroom ၊ Outdoors Space ၊ လက်ဝတ်ရတနာ၊ Photo Studio၊ မိတ်ကပ်ပညာရှင်တွေ ၊ မင်္ဂလာဝတ်စုံဒီဇိုင်နာတွေအပါအဝင် မင်္ဂလာပွဲတွေ ဝတ်စုံတွေ အစားအသောက်တွေကို လိုအပ်တဲ့ ကဏ္ဍမျိုးစုံကို ပြခန်းပေါင်းများစွာနဲ့ ခင်းကျင်းပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *