October 20, 2024

၁၀. ၃. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ၂၀၂၃ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စာအမှတ် ၊ ဝ၁၄/ခရ ပအဖ -စကခရ) နဲ့ စစ်ကိုင်းခရိုင်အတွင်း လမ်းပေါ်တက်ပြီး အခွန်ကောက်တာ ၊ အလှူခံတာ မပြုလုပ်ဖို့ PDF တွေ LPDF တွေကို တားမြစ် အသိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုတားမြစ်ထားပေမဲ့လည်း စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းခရိုင် ၊ စစ်ကိုင်းအတွင်းက စစ်ကိုင်း -ရွှေဘိုလမ်း ၊ စစ်ကိုင်း- မုံရွာလမ်း ၊ ခရိုင်ချင်းဆက်လမ်းတွေပေါ်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန ခွင့်ပြုချက်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ပေးချက်မရှိဘဲ တရားမဝင် ငွေကြေးကောက်ခံတာ၊ လမ်းပေါ်တက်အလှူခံတာ ပြုလုပ်နေတဲ့ PDF ၊ LPDF အဖွဲ့အစည်းတွေရှိနေလို့ ပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်စေတာကို ကြားသိနေရတယ်လို့ စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဒါကြောင့် စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးရဲ့ ထုတ်ပြန်စာကို ရည်ညွှန်းပြီး မြို့နယ်အတွင်းက လမ်းတွေပေါ် တရားမဝင် ငွေကြေးကောက်ခံနေတဲ့ဂိတ်တွေ အလှူခံနေတဲ့ အဖွဲ့အစည်းတွေက မတ်လ ၁၆ ရက် နောက်ဆုံးထား ရုပ်သိမ်းဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *