October 20, 2024

၁၀. ၃. ၂၀၂၄
Written by Nay Moe

အမျိုးသားတစ်ဦးကို အုပ်ချုပ်ရေးမှူးတပည့် သတင်းပေးပျူစောထီးလို့ စွပ်စွဲပြီး သာယာဝတီ PDF တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

ဖြစ်စဥ်က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖအိုရွာက ဦးလှဦးဆိုသူကို ပျူစောထီးလို့စွပ်စွဲပြီး မတ်လ ၆ ရက် ညနေ ၅ နာရီခွဲခန့်မှာ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း မိုင်တိုင် ၁၉ မိုင်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းအပြီး ည ၁၁ နာရီအချိန်ခန့်မှာ မိုင်တိုင် ၂၀ လမ်းဘေးတင် သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်လိုက်တာပါ။

ဦးလှဦးဟာ ပျုစောထီးဖြစ်ပြီး ကျောက်တံခါးမြို့နယ်က နာမည်ကြီး မြို့ချောင်းအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်ရဲ့ ညာလက်ရုံးဖြစ်တာ၊ ဒေသခံပြည်သူတွေကို တပ်ထံ မမှန်သတင်းပေး ဖမ်းဆီးခိုင်းတာ၊ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းမှာ လှုပ်ရှားသွားလာနေကြတဲ့ PDF သတင်း ထောက်လှမ်းပေးပို့ ဖမ်းဆီးခိုင်းတာတို့ကြောင့် သတ်လိုက်တာလို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *