October 20, 2024

၁၀.၃.၂၀၂၄
Written by Thinzar

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်)ရပ်ကွက်ရှိ ​နေအိမ်တိုက်ခန်းတွင် မိသားစုဝင်များ အလှူပြုလုပ်ရန်သွားစဥ်အတွင်း ၎င်းတို့၏ နေအိမ်တိုက်ခန်းဖောက်ထွင်းခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် မိတ္ထီလာမြို့တွင် နေထိုင်သူများမှာ မလှိုင်မြို့တွင် အလှူပြုလုပ်ပြီး နေထိုင်ရာ မိတ္ထီလာ၊ ပြည်သာယာ(တောင်) ရပ်ကွက်ရှိ နေအိမ်သို့ မိသားစုဝင်များပြန်လာစဥ် နေအိမ်ရှိ မီးခံသေတ္တာနှစ်လုံးမှာ ထားသိုရာနေရာပျက်ယွင်းနေမှုကို တွေ့ရကြောင်း၊ နေအိမ်အတွင်းရှိ စုဗူးထဲ၌ စုထားသည့် ငွေတစ်သိန်းမှာလည်း နေအိမ်ဖောက်ထွင်းသူများမှ ယူဆောင်သွားကြောင်း သိရသည်။

ထားသိုရာနေရာပျက်ယွင်းနေသော မီးခံသေတ္တာနှစ်လုံးရှိ သော့များမှာ ဖွင့်လို့မရသောကြောင့် ဆုံးရှုံးမှုမရှိခဲ့ကြောင်း၊ နေအိမ်ရှိ မီးဖိုချောင်တံခါးများမှာ ပျက်စီးနေကြောင်း၊ ထိုဖြစ်စဥ်အပေါ် အိမ်ရှင်ဖြစ်သူမှ သက်ဆိုင်ရာသို့ တိုင်တန်းထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *