October 20, 2024

၁၀. ၃. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို အလိုမတူဘဲ ကာမလိမ်လည်ရယူ မုဒိမ်းကျင့်တဲ့ အမျိုးသား ၅ ဦးကို ဖမ်းဆီးထားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ပုံနဲ့တကွထုတ်ပြန်ပါတယ်။

သက်ငယ်မုဒိမ်း တရားခံ ၅ ဦးဟာ တရားလိုအမျိုးသမီးငယ်ရဲ့ ငွေကြေးချို့ငဲ့မှုကို အခွင့်ကောင်းယူပြီး ဓား၊ ကတ်ကြေးနဲ့ ခြိမ်းခြောက် မုဒိမ်းကျင့်ခဲ့ကြသလို ပြုကျင့်မှုအတွက် ဆန်နှစ်ပြည်၊ ငွေကျပ်ငါးထောင်နဲ့ မုန့်ပေးပြီး တစ်ယောက်တစ်နေရာစီ ကျူးလွန်ခဲ့တာလို့လည်း တရားခံတွေက ဝန်ခံတယ်ပြောပါတယ်။

သက်ငယ်မုဒိမ်းပြုကျင့်ခံရသူဟာ အသက် ၁၅ နှစ်သာ ရှိသေးသလို မိခင်ကလည်း စိတ်မနှံ့သူဖြစ်တယ်လို့ သိရကြောင်းလည်း မုံရွာပလဖက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *