၁၀.၃.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ် (၇) ကားလမ်းမကြီးဘေးတွင် ပုပ်ပွနေသော အမျိုးသမီးအလောင်းတွေ့ရှိမှုမှာ တစ်လကြာ မတ်လ ၉ ရက်နေ့အထိ ပိုင်ရှင်မပေါ်သေးကြောင်း အလောင်းတွေ့ရှိသူတစ်ဦးက ပြောကြားသည်။
ပုပ်ပွသေဆုံးနေသောအမျိုးသမီးအလောင်းကို ဖေဖော်ဝါရီလဆန်းပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်အနှံ့တွင် လောက်များလည်း တွယ်ကာ မျက်နှာမှာလည်း အလွန်ပျက်စီးနေကြောင်း သိရသည်။
အမျိုးသမီးမှာ အနက်ရောင်ပါသော အဝတ်ကို ဝတ်ဆင်ထားပြီး ခြေထောင်နှင့်ပေါင်တို့တွင် တက်တူးများလည်း ရှိကြောင်း၊ သေဆုံးသူကို ရင်ခွဲစစ်ဆေးချက်များအရ အသက် ၃၀ မှ ၃၅ နှစ်ကြားရှိသော အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သိရသည်။
” အမျိုးသမီးကိုတွေ့တဲ့အချိန်မှာ မျက်နှာက တော်တော်ပျက်စီးနေပြီ၊ အလောင်းကို စစ်ဆေးပြီးတာနဲ့ သင်္ဂြိုဟ်လိုက်တယ်။ အလောင်းကိုလည်း ပိုင်ရှင်အမြန်ပေါ်စေချင်ပါတယ်၊ ဒါမှလည်း သက်ဆိုင်ရာက အမြန်စစ်ဆေးလို့ရမှာ “ဟု လှည်းကူးဒေသခံ တစ်ဦးကပြောသည်။
အသက် ၃၀မှ ၃၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးများ ပျောက်ဆုံးနေပါက ဖုန်း -၀၉၆၆၇၆၇၃၃၉၉ သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။