MT News
၉. ၃. ၂၀၂၄
လူနာများစွာကို မေတ္တာနဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးနေတဲ့ သရုပ်ဆောင်ထူးခန့်ကျော်ကို ခွင့်ပြုချက်မရှိဘဲ ဆေးကုသမှုအပေါ် သတိပေးတားမြစ်စာက အတုဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
“မြန်မာနိုင်ငံဆေးကောင်စီဥပဒေအရ မြန်မာနိုင်ငံ၌အတွင်း ဆေးကုသခွင့်ရှိသည့် မြန်မာနိုင်ငံ ဆေးကောင်စီကထုတ်ပေးသော ဆရာဝန်မှတ်ပုံတင်လက်မှတ် (သို့မဟုတ်) ဆေးကုသခွင့်လိုင်စင် တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်းမရှိဘဲ ထူးခန့်ကျော်သည် အများပြည်သူတို့အား ဆေးကုသခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆေးကောင်စီမှ စိစစ်တွေ့ရှိရပါသဖြင့် ကာယကံရှင်အနေဖြင့် မြန်မာနိုင်ငံဆေးကောင်စီ၊ အမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ၁၅-၃-၂၀၂၄ ရက်နေ့ထက် နောက်မကျစေဘဲ လူကိုယ်တိုင်လာရောက်ရန်နှင့် မြန်မာနိုင်ငံဆေးကောင်စီ၏ ခွင့်ပြုချက်မရရှိဘဲ ဆေးကုသခြင်းအား ဆက်လက်ဆောင်ရွက်ပါက မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ ၅၄ နှင့် ၅၈ တို့အပြင် တည်ဆဲဥပဒေများအရပါ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း သတိပေး တားမြစ်လိုက်သည်”ဆိုတဲ့ ပါမောက္ခဒေါက်တာခင်မောင်အေး သတိပေးစာနဲ့ ပျံ့နှံလာတာဖြစ်ပြီး ဒီစာဟာအတုဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လာတာပါ။
ထူးခန့်ကျော်ရဲ့ မေတ္တာနဲ့ကုသပေးနေမှုအပေါ် မနှစ်သက်သူတွေလည်းရှိပြီး ဒီလိုမျိုးဆေးကုသမှုကို တားမြစ်မယ်ဆိုတာကြောင့် အထူးကုဆေးရုံ၊ ဆေးခန်းတွေမှာ CDM ဆရာဝန်တွေက ဝန်ဆောင်ခမြင့်မားစွာ အခကြေးငွေယူ ကုသမှုပေးနေတာတွေ ဖော်ထုတ်မယ်လို့လည်း လူမှုကွန်ရက်မှာရေးသားလာချိန် ဒီလိုမျိုးဖြေရှင်းလာတာဖြစ်ပါတယ်။