October 18, 2024

၈. ၁၂.၂၀၂၂

Written By Naddy

လက်ရှိ ပြန်ဆိုတေးများကြောင့် ပရိသတ်အားပေးမူ အခိုင်အမာရရှိထားသော တေးသံရှင် သဒ္ဒါနန်းထိုက်သည် ကိုယ်တိုင်ရေးသီချင်းသစ်ထွက်ရှိရန် ပြင်ဆင်နေလျက်ရှိ‌ကြောင်း သိရသည်။

“Facebook သုံးလို့ပဲဖြစ်ဖြစ် ကြည့်ရင်ကနေ အလွမ်းအဆွေးတွေ တွေ့တယ်။ ကိုယ်တိုင်ခံစားချက်လည်းပါရင် ပါမယ်။ သဲရဲ့ စိတ်ခံစားချက်လည်းပါတာပေါ့။ သဲက ဆွေးရတာသ‌ဘောကျတယ်။ အဲဒီလို ပေါင်းစပ်ပြီးတော့ သီချင်းတွေ ရေးဖြစ်ပါတယ်။ ကိုယ်တိုင်ဇာတ်လမ်းကို ဖန်တီးဖြစ်တယ်။ သဲ ရေးထားတဲ့ ဇာတ်လမ်းနဲ့ တိုက်ဆိုင်သူတွေ ကြိုက်နှစ်သက်ကြမှာပါ။ မိုးရွာနေချိန် ထောင့်လေးမှာ တစ်ယောက်ထဲ Feel လို့ရမယ်လို့ ထင်ပါတယ်” ဟု တေးသံရှင် သဒ္ဒါနန်းထိုက်က ပြောသည်။

အဆိုပါ ကိုယ်တိုင်ရေး အဆွေး တေးသီချင်းကို R & B မြူးဇစ်အမျိုးအစား တီးခတ်ထားကြောင်း သိရသည်။ ရိုက်ကူးရေးအပိုင်းကို အမှောင် အခန်းငယ်တစ်ခုတွင် အငြိမ်လေး ဖန်တီးသွားမည်ဖြစ်သည်။

မြန်မာသံစဥ်တေးသံစဥ် တေးသီချင်းများဖြင့် ပရိသတ်အားပေးမူရရှိခဲ့သလို အမှတ်တရ (June July မှာ ရွာတဲ့မိုး)၊ ချစ် ချစ် ချစ် ချင်လို့ ၊ ဒေါသစိတ်လေး ၃၆၀၊ ရူး၊ မုန့်ဖိုးပေး၊ အပြုံးဖွဲ့‌နှောင်ကြိုး၊ ပြင်ဆင်ပြီးနေပြီ၊ အိပ်မက်၊ လူမသိသူမသိ၊ FA is the Best စသည့် Single Song များထွက်ရှိထားသူလည်းဖြစ်သည်။

မကြာမီ ကာလအတွင်းလည်း ကိုယ်ပိုင်သံစဥ်သစ် တေးသီချင်းများ ထပ်မံထပ်ထွက်ရှိရန် ပြင်ဆင်နေ လျက်သည်။

“အရင် သဲ အပျော်အနေနဲ့ဆိုခဲ့တဲ့ ဘီလူးခေါင်းလေးနဲ့ မင်းသားလေး သီချင်းကိုလည်း ပြန်ဆိုဖို့ရှိပါတယ်။ သဲရေးထားတဲ့ သီချင်းလေးကတော့ အဆွေးဘက်ရောက်တဲ့ ပုံစံလေးပါ။ ပရိသတ် ကြိုက်ချင်မှ ကြိုက်လိမ့်မယ်။ မ ပေါက်တဲ့ ပုံစံဖြစ်နေတယ်။ သဲကိုယ်တိုင် ကြိုက်လို့ ရေးထားတာဖြစ်တယ်။ ဘယ်သူ့မှ သဲကို Support လုပ်ပေးသူမရှိဘူး။ ကိုယ်တိုင် အများကြီးတော့ ကြိုးစား ဖန်တီးထားတယ်။ အခုလို ကူညီပေးသူ မရှိတော့ ကိုယ်တိုင်လုပ်တဲ့ အလေ့အကျင့်ဖြစ်သွားတယ်။အသည်းကွဲသူ နားထောင်ရင် ခံစားလို့ ကောင်းမယ်။ ဆွေးရမယ့် သီချင်းလေးပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *