၉ .၃. ၂၀၂၄
Written by MMAK
◾ မန်ယူ Vs အဲဗာတန်
မန်ယူရဲ့ နောက်တန်းအထိုင်ကစားသမား မက်ဂွိုင်းယား မပါနိုင်တဲ့အတွက် ဂျွန်နီအီဗန်ကို အစားထိုးကစားနေရသလို ဘယ်စွန် နောက်ခံလူအတွက်လည်း ဗဟိုခံစစ်ကစားတဲ့ လင်ဒီလော့ဖ်နဲ့ ကစားနေရပါတယ်။ အန်တိုနီနဲ့ ရက်ဖို့က ခြေစွမ်းမပြနိုင်ချိန်မှာ မန်ယူရဲ့ တိုက်စစ်က ခံစစ်ပိတ်ကစားလာမဲ့ အဲဗာတန်ကို ဂိုးတွေ အများကြီးသွင်းနိုင်ပါ့မလားဆိုတာ စဉ်းစားချင်စရာ ကောင်းပါတယ်။ ရှောင်ဒိုက်ရဲ့ အဲဗာတန်အသင်းကတော့ ကွင်းလယ်က ဒူကိုရီ ကစားနိုင်တဲ့အချိန်ဆို ခံစစ်ပိတ်ကစားပြီး ကောင်တာတိုက်စစ်ကို အဓိက အသုံးပြုတတ်ပါတယ်။ နောက်တန်းလူမစုံတဲ့ မန်ယူအသင်း ဂိုးပေးရနိုင်ပြီး အားနည်းတဲ့ တိုက်စစ်ကြောင့် သွင်းဂိုးတွေ အများကြီးရဖို့ ခက်ခဲနိုင်ပါတယ်။မန်ယူရဲ့ တစ်လုံးရှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးကို သိပ်သဘောမကျသလို ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စားဆိုတဲ့ ပေါက်ကြေးကိုလည်း ဂိုးပေါ်မကြိုက်ပါဘူး။အစောပွဲဖြစ်သလို ထိုးသားအများစု မန်ယူနဲ့ ဂိုးပေါ်ကစားလာကြမဲ့ ဒီပွဲမှာ မန်ယူနဲ့ ဂိုးပေါ်နှစ်ကွက်လုံး ဝင်မယ် မထင်ပါဘူး။ အဲဗာတန်နဲ့ ဂိုးအောက်ကို ရွေးချယ်ထားတာဟာ အကောင်းဆုံးဖြစ်ပါတယ်။
◾ ဘုန်းမောက် Vs ရှက်ဖီး
ဘန်လေနဲ့ ရှက်ဖီးက တန်းဆင်းရဖို့ သေချာနေတဲ့နှစ်သင်းဖြစ်သလို ဘယ်လိုမှ ကယ်တင်လို့မရတော့တဲ့ အခြေအနေဖြစ်ပါတယ်။ ရှက်ဖီးရဲ့ ခံစစ်က တစ်ဂိုးပေးရပြီးဆို ဂိုးတွေဆက်တိုင်းသွင်းဖို့ လွယ်ကူသွားပါတယ်။ ပြီးခဲ့တဲ့ ဝုဗ်နဲ့ပွဲစဉ်မှာဆို ရှက်ဖီးကစားသမားအချင်းချင်း ကွင်းထဲမှာ စကားများနေခဲ့ပြီး စိတ်ဓာတ်ကျနေတဲ့ ကစားသမားတွေနဲ့ ဆိုးရွားတဲ့ ကစားပုံတွေကို တွေ့မြင်လာရပါတယ်။ ဘုန်းမောက်အနေနဲ့ တွဲခေါ်လို့မရတဲ့ ရှက်ဖီးအသင်းကို အနိုင်ကန်မှာ ဖြစ်ပေမဲ့ နှစ်ဂိုးပြတ်မှ ကြေးအောင်မှာဆိုတော့ ကြေးအောင်ပါ့မလားဆိုတာက ထည့်သွင်းစဉ်းရမှာ ဖြစ်ပါတယ်။ ဘုန်းမောက်ရဲ့ တိုက်စစ်က နှစ်ဂိုးသွင်းနိုင်ဖို့ လုံလောက်တဲ့ တိုက်စစ်မျိုးရှိပါတယ်။ အိမ်ကွင်း ဖြစ်နေသလို ခံစစ်ပြဲထွက်ပြီး ဂိုးအလှူပေးနေတဲ့ ရှက်ဖီးကို နှစ်ဂိုးပြတ်ကန်ပါလိမ့်မယ်။ ဘုန်းမောက်ကို ရွေးရမှာပါ။
◾ ပဲလေ့စ် Vs လူတန်တောင်း
တန်းဆင်းသုံးသင်းထဲမှာ တန်းကျန်ဖို့ အခွင့်အရေး ရှိနေသေးတဲ့ လူတန်တောင်းအသင်းဖြစ်ပါတယ်။ လူတန်တောင်းအသင်း ပွဲစဉ်တိုင်းကို တိုက်စစ်အသားပေးကစားနေတဲ့အတွက် သွင်းဂိုးတွေ သွင်းယူထားနိုင်သလို ပေးဂိုးတွေလဲ ပြန်လည်ခွင့်ပြုထားရပါတယ်။ အိမ်ရှင်ပဲလေ့စ်အသင်းက တစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စားဖြစ်ပါတယ်။ ပဲလေ့စ်အသင်းရဲ့ ဂိုးပေါင်းကြေးတွေမှာ နှစ်လုံး အရှုံးပတ်ဝန်းကျင်ဈေးတန်းလောက်သာ ရှိနေပေမဲ့ ဒီပွဲစဉ်မှာတော့ ဂိုးပေါင်းကြေး မြင့်မားနေတာ တွေ့ရပါတယ်။ ဒါဟာ တိုက်စစ်ဖွင့်ကစားလာမဲ့ လူတန်တောင်းအသင်းကြောင့် ဖြစ်ပြီး လူတန်တောင်း ဂိုးရမှာဖြစ်သလို အိမ်ရှင်ပဲလေ့စ်လည်း ဂိုးရမှာ ဖြစ်ပါတယ်။ ပဲလေ့စ် အနေနဲ့ ဒီပွဲမှာ လူတန်တောင်းကို အမှတ်ပေးလို့ရတယ်ဆိုတဲ့ အခြေအနေမှာ ရှိတဲ့အတွက် အဝေးကွင်း လူတန်တောင်းအသင်းနဲ့ ဂိုးပေါ်ကိုရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။
◾ဝုဗ် Vs ဖူဟမ်
အမှတ်ပေးဇယား အလယ်က နှစ်သင်းဖြစ်သလို နှစ်သင်းလုံး အထက်မရောက် အောက်မရောက် အခြေအနေမှာ ဘာဖိအားမှ ရှိမနေကြပါဘူး။ ဝုဗ်ရဲ့ တိုက်စစ်မှာ ချူနာနဲ့ ဟွမ်ဟီချမ် မပါဝင်နိုင်တာကြောင့် တိုက်စစ်မှာ အပြောင်းအလဲတွေ့ရနိုင်ပါတယ်။ ဖူဟမ်ကတော့ နောက်ဆုံးငါးပွဲဆက် ဂိုးပေါ်ကစားခဲ့ပြီး ငါးပွဲဆက် ဂိုးသွင်းထားနိုင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဝုဗ်က ပြားသုံးဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးဖြစ်ပါတယ်။ အမှတ်မလိုတဲ့ အသင်းတွေဆိုတော့ နည်းပြတွေနဲ့ကစားသမား အားပြိုင်မှုတွေကို တွေ့ရနိုင်ပြီး ပထမအကျော့ကလို သွင်းဂိုးတွေ အများကြီး မြင်ရမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းပါတယ်။ ဖူဟမ်က တိုက်စစ်ဖွင့်ကစားပြီး အိမ်ကွင်းအဝေးကွင်းမရွေးဘဲ ဂိုးသွင်းထားနိုင်သလို ဝုဗ်ရဲ့ တိုက်စစ်နဲ့ ကောင်တာတိုက်စစ် မြန်ဆန်မှုကလည်း ဂိုးရလွယ်ပါတယ်။ အနိုင်အရှုံးပေါ်အောင် ကစားကြမဲ့ပွဲမှာ တိုက်စစ်ဖွင့်ကစားပြီး သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်ကနေ စကြည့်ရမဲ့အတွက်ကြောင့် ဂိုးပေါ်တစ်ကြောင်းတည်းရွေးချယ်ပေးချင်ပါတယ်။
◾အာဆင်နယ် Vs ဘရန့်ဖို့
ပရီးမီးယားလိဂ် ဖလားအတွက် အပြိုင်သုံးသင်း ဖြစ်နေရာမှာ ထိပ်ဆုံးက လီဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံနေလို့ တစ်သင်းသင်း အမှတ်လျော့ဖို့ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အိမ်ရှင်အာဆင်နယ်အသင်း သေချာပေါက် သုံးမှတ်ယူထားဖို့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ ဒီပွဲ အနိုင်ရဖို့ အရေးကြီးသလို ကြားရက်မှာ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲကလည်း အရေးကြီးပါတယ်။ ကိုင်ဟာဗက်ခြေစွမ်းပြလာနိုင်သလို ဒဏ်ရာရ ကစားသမားတွေ ဖြစ်တဲ့ ဂျီးဆပ် ၊ ပါတေးနဲ့ ဗီအဲရားတို့ ပြန်ကစားလာနိုင်တာ တကယ်ကောင်းတဲ့ အချက် ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက နှစ်လုံးလေးဆယ်စား ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်ရှုံး ပေးထားပါတယ်။ ဘရန့်ဖို့အသင်းဟာ ဦးဆောင်ဂိုး စပေးရရင် တိုက်စစ်ပြန်ဖွင့်ကစားတတ်တဲ့ အသင်းမျိုးဖြစ်လို့ တိုက်စစ်ပိုကောင်းတဲ့ အသင်းနဲ့တွေ့ရင် ဂိုးတွေအများကြီး ခွင့်ပြုရတတ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ တိုက်စစ်က ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲမှာ ဂိုးနှစ်ဆယ်ကျော်သွင်းထားတာ တွေ့ရပါတယ်။ ဒီပွဲမှာ သေချာပေါက် အနိုင်ရအောင်ကြိုးစားလာမှာ ဖြစ်သလို နှစ်ဂိုးအနိမ့်ဆုံး ပြတ်မယ်လို့ ယူဆတာကြောင့် အိမ်ရှင်အာဆင်နယ်အသင်းကို ရွေးချင်ပါတယ်။
◾ဂလာဘတ် Vs ကိုလုံး
ဒီရာသီ ဘွန်ဒက်လီဂါ အမှတ်ပေးပြိုင်ပွဲမှာ တိုက်စစ် အားအနည်းဆုံးက ကိုလုံးအသင်းဖြစ်ပြီး နှစ်ဆယ့်လေးပွဲမှာ ဆယ့်ခြောက်ဂိုးသာ သွင်းထားနိုင်သလို အဝေးကွင်းရဂိုး ခုနှစ်ဂိုးသာရှိထားတာ ဖြစ်ပါတယ်။ ဂလာဘတ်လိုအသင်းအနေနဲ့ တန်းဆင်းဇုန်မှာ ရုန်းကုန်နေရမဲ့ အသင်းမျိုးမဟုတ်သလို ကိုလုံးအသင်းကို အခွင့်အရေးပေးမယ်မထင်ပါဘူး။ ပထမအကျော့ ကိုလုံးအသင်းရဲ့ အိမ်ကွင်းမှာ အငြင်းပွားဖွယ် အနီကတ်တွေ ပင်နယ်တီတွေ ပေးခဲ့ရပြီး ဂိုးပြတ်အရှုံးပေးခဲ့ရတဲ့ ဂလာဘတ်အသင်း အိမ်ကွင်းမှာ ကလဲ့စားပြန်ချေဖို့ အကောင်းဆုံးအခွင့်အရေး ရှိနေပါတယ်။ ဂလာဘတ်အသင်းရဲ့ တစ်လုံးရှစ်ဆယ်စား ပေါက်ကြေးဟာ ကိုလုံးအသင်းအတွက် သရေတစ်ပေါက်ရှိတယ်ဆိုပေမဲ့ ဂလာဘတ်အသင်း ကလဲ့စားချေ နိုင်ပွဲကို ပြန်လည်ဖော်ဆောင်ဖို့ကြိုးစားလာမှာပါ။ ကိုလုံးအသင်းမှာ အဓိကကျတဲ့ ကွယ်လယ်ကစားသမား လူဘီစစ် နဲ့ တိုက်စစ်ကစားသမားတစ်ယောက်ပွဲပယ်ထိထားသလို ဂလာဘတ်အသင်းကို ဂိုးရသွားရင် ကိုလုံးအသင်း ချေပဂိုးပြန်ရဖို့ ခက်ခဲနိုင်ပါတယ်။ အိမ်ရှင်ဂလာဘတ်အသင်း အနိုင်ရသွားမှာပါ။
◾ဆက်ဆူအိုလို Vs ဖရိုစီနိုနီ
တန်ဆင်းဇုန်ထဲ ရောက်နေတဲ့ ဆက်ဆူအိုလိုအသင်း တော်တော် ဖိအားများနေတဲ့ အချိန်ဖြစ်ပါတယ်။ နောက်ဆုံး ရှစ်ပွဲမှာ ခုနှစ်ပွဲထိ ရှုံးခဲ့တာ ဖြစ်သလို တစ်ပွဲသရေနဲ့ နိုင်ပွဲလုံးဝ မရထားပါဘူး။ နောက်ပွဲမှာလည်း ရိုးမားအသင်းရဲ့ အိမ်ကွင်းမှာ သွားကန်ရမှာဖြစ်လို့ အမှတ်ရနိုင်ချေနည်းပါတယ်။ ဒီပွဲမှာသူ့အထက်က ဖရိုစီနိုနီအသင်းကို အိမ်ကွင်းမှာ အနိုင်ကန်ဖို့ လိုသလို နိုင်ပွဲပြန်ရချိန် တန်နေပါပြီ။ ဒီပွဲမနိုင်ရင် တော်တော်လေး ဖိအားများလာမှာ ဖြစ်သလို သူ့အထက်ကအသင်းကို အနိုင်ကန်ထားပြီး အမှတ်ကွာဟမှု လျော့ချထားဖို့လိုပါတယ်။ ဖရိုစီနိုနီအသင်းကလည်း တိုက်စစ် ကစားတတ်တဲ့ အသင်းမျိုးဖြစ်ပြီး ဒီပွဲမှာလည်း အိမ်ရှင်ဆက်ဆူအိုလိုအသင်းကို ယှဉ်ကစားလာဖို့များပါတယ်။ အိမ်ရှင်ဆက်ဆူအိုလိုအသင်းက ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဖြစ်ပါတယ်။ နိုင်ပွဲပြန်ရချိန်တန်ပြီ ဖြစ်သလို အခုအိမ်ကွင်းပွဲမှာ သေချာပေါက် အနိုင်ရဖို့ ကြိုးစားလာမဲ့ အိမ်ရှင် ဆက်ဆူအိုလို အသင်းကို ရွေးချယ်ပေးချင်ပါတယ်။