◼️ ဂါဇာတွင် အစာရေစာငတ်မွတ်မှုကြောင့်သေဆုံးသူ ၂၃ ဦးအထိ ရှိလာ
၉.၃.၂၀၂၄.
Translated by Htwe Ko Tun
အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရာမာဒန်ဥပုသ်လမစတင်မီ ဂါဇာဒေသအတွင်း အစ္စရေးနဲ့ဟားမားစ်တို့ အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရနိုင်တယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ပြောခဲ့တဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က မတ်လ ၈ ရက်မှာတော့ ဂါဇာဒေသမှာ ရာမာဒန်မတိုင်မီ အပစ်အခတ်ရပ်နိုင်ကြဖို့ဆိုတာ အခြေ အနေက တင်းမာနေလွန်းပါတယ်လို့ အားလျှော့စကား ပြောခဲ့ပါ တယ်။ သူက အပစ်အခတ်မရပ်စဲနိုင်ဘဲ အရှေ့ဂျေရုဆလမ်မှာ အကြမ်းဖက်မှုတွေဖြစ်ခဲ့ရမှုအပေါ် စိုးရိမ်မိတယ်လို့ ပြောခဲ့ပါတယ်။
ဒီအချိန်မှာပဲ ဂါဇာဒေသရဲ့ အယ်လ်ရှီဖာဆေးရုံမှာ ကလေးသုံးဦးထက်မနည်း အာဟာရဓာတ်ပြတ်လပ်မှုနဲ့ ရေဓါတ်ချို့တဲ့မှုတို့ကြောင့် သေဆုံးခဲ့တယ်လို့ သတင်းများကဆိုပါတယ်။ ဒါကြောင့်လည်း ဂါဇာဒေသမှာ အစာရေစာငတ်မွတ်မှုကြောင့်သေဆုံးရသူ ၂၃ ဦးရှိလာပြီလို့ ပါလက်စတိုင်းတာဝန်ရှိသူတွေက ပြောခဲ့ ကြပါတယ်။
ဂါဇာမြို့အတွင်း ပါလက်စတိုင်းဒေသခံအရပ်သားတွေအတွက် လေကြောင်းမှအထောက်အပံ့ပစ္စည်း သေတ္တာများချပေးခဲ့ရာမှာလည်း လေထီးများမပွင့်တာကြောင့် လူငါးဦးသေဆုံးပြီး အချို့ဒဏ်ရာရခဲ့သေးတယ်လို့သိရပါတယ်။ အဲဒီဖြစ်ရပ်က အမေရိကန်က မတ်လ ၈ ရက်နံနက်မှာ ဂါဇာမြို့အတွင်း အထောက်အပံ့ပစ္စည်းတွေ ချပေးစဉ် ဖြစ်ခဲ့ရတာလို့ သိရပါတယ်။
ဂါဇာဒေသကို အစ္စရေးတို့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်ကစလို့ ပါလက်စတိုင်း အနည်းဆုံး ၃၀,၈၇၈ ဦးသေဆုံးကာ ၇၂,၄၀၂ ဦးဒဏ်ရာရခဲ့ပြီလို့ ပါလက်စတိုင်းအရာရှိတွေက ပြောခဲ့ကြပါတယ်။
Ref- Al Jazeera