October 20, 2024

၉. ၃. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံဖွား နာမည်ကျော်အမေရိကန်ရုပ်ရှင် မင်းသမီးတစ်ဦးဖြစ်တဲ့ နာတာလီပေါ့သ်မန်းဟာ ၁၁ နှစ်ကြာ အိမ်ထောင်ဖက်အဖြစ်လက်တွဲလာခဲ့တဲ့ ပြင်သစ်လူမျိုး ကချေသည်နဲ့ ကကွက်ဖန်တီးသူ ဘင်ဂျာမင် မီလီပိုဒ်နဲ့ ကလေးနှစ်ယောက်ရရှိအပြီးမှာ လက်တွဲဖြုတ်ခဲ့ကြပြီဖြစ်တယ်လို့ သိရပါတယ်။

အော်စကာဆုရ မင်းသားတစ်ဦးနဲ့ ဒါရိုက်တာတစ်ဦးလည်းဖြစ်တဲ့ မီလီပိုဒ်ဟာ နာတာလီပေါ့သ်မန်းနဲ့ သူတို့နေထိုင်ရာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဖေဖော်ဝါရီလအတွင်းကပဲ ကွာရှင်းပြတ်စဲခဲ့ကြတယ်လို့ ပေါ့သ်မန်း ရဲ့ ကိုယ်စားလှယ်တစ်ဦးကပြောခဲ့ပါတယ်။

People ဂျာနယ်ရဲ့ဖော်ပြချက်အရ အသက် ၄၂ နှစ်ရှိ ပေါ့သ်မန်း က အသက် ၄၆ နှစ်ရှိ ခင်ပွန်းသည် မီလီပိုဒ်ကို လွန်ခဲ့သောရှစ်လကတည်းက ကွာရှင်းခွင့်တောင်းခဲ့တာလို့ဆိုပါတယ်။ အိမ်ထောင်သက် ၁၁ နှစ် ရှိကာ အသက် ၁၂ နှစ်ရှိသား အလက်နဲ့ အသက် ခုနှစ်နှစ်ရှိ သမီး အမာလီယာ တို့ကိုတောင်ရရှိပြီးမှ ကွာရှင်းကြရမှု အကြောင်း ရင်းက ၂၀၂၃ ခုနှစ် မေလတုန်းက မီဒီယာတွေမှာ မီလီပိုဒ် ရဲ့ ဖောက်ပြန်မှုသတင်းတွေ ထွက်ပေါ်လာခဲ့အပြီး ပေါ့သ်မန်းအနေနဲ့ မခံနိုင်ဖြစ်ရမှုကြောင့်လို့ ဆိုပါတယ်။

ပေါ့သ်မန်းရဲ့ ခုအချိန်မှာ အကြီးမားဆုံးဦးစားပေးမှုကတော့ ကလေးတွေအတွက် အဆင်ပြေချောမွေ့တဲ့ အပြောင်းအလဲအခြေအနေတစ်ရပ် ဖြစ်စေဖို့ပါပဲ။ သူတို့နှစ်ယောက်လုံး ကလေးတွေကို တကယ်ချစ်ကြတာပါ။ သူတို့ကလေးတွေအတွက် မိဘတွေအနေနဲ့ ပူးတွဲစောင့်ရှောက်သွားကြပါလိမ့်မယ်။ ဒီထက် အ ရေးကြီးတာရှိမှာမဟုတ်ပါဘူးလို့ သူတို့စုံတွဲရဲ့ သူငယ်ချင်းတစ်ဦးက ပြောခဲ့ပါတယ်။

Ref- People

Leave a Reply

Your email address will not be published. Required fields are marked *