October 20, 2024

၉. ၃. ၂၀၂၄
Written by Thinzar

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မုန့်တီကုန်းရပ်ကွက်တွင် မိသားစုခြင်းစကားများရန်ဖြစ်ရာမှ သားဖြစ်သူက ဖခင်အားဓားဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက် ည ၁၁ နာရီကျော်တွင် အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သို့ ပြည်သူများမှ လူနာတစ်ဦးဓားခုတ်ခံရကြောင်း ဖုန်းဆတ်အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

ထိုဒဏ်ရာရရှိသည့် ဖခင်ဖြစ်သူမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ လက်ပြတ်ရှဒဏ်ရာများရရှိ၍ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ပို့ဆောင်ပေးခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *