October 20, 2024

၉. ၃. ၂၀၂၄
Written by Thinzar

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းခြံစည်းရိုး အုတ်တံတိုင်း မိုင်းခွဲခံရ၍ ကိုရင်နှစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် မတ်လ ၇ ရက် မွန်းလွဲ ၁၂ နာရီကျော်က KIA / PDF များ ဘုန်းကြီးကျောင်းသို့ ထောင်ထားသည့် မိုင်းမှာပေါက်ကွဲသောကြောင့် ကိုရင်နှစ်ပါး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

KIA နှင့် PDF များ မိုင်းခွဲမှုကြောင့် မိုင်းစထိမှန် ဒဏ်ရာရရှိသည့် ( ၁၂) နှစ်အရွယ် ကိုရင် ရှင်နန္ဒိယ နှင့် ( ၁၁) နှစ်အရွယ် ကိုရင် ရှင်သီဟဉာဏတို့မှာ လက်ရှိတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *