October 21, 2024

၈. ၃. ၂၀၂၄
Written by Hey Mar

မကွေးတိုင်းဒေသကြီး၊ တမာပင်ကျေးရွာ လဲလူအုပ်စု မြို့သစ်မြို့မှ အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ဦးခေါင်းနှစ်လုံးနဲ့ ခန္ဓာကိုယ်တစ်ခုတည်း ပါရှိတဲ့ သမီးမိန်းကလေးအမြွှာကို မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ မနေ့က မတ်လ ၇ ရက်နေ့က အောင်မြင်စွာခွဲစိတ်မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကလေးက ပေါင်ချိန် ၅ ပေါင်ကျော် ရှိပြီး လက်ရှိမှာ မိခင်ရော ကလေးပါ ကျန်းမာစွာနဲ့ မန္တလေးပြည်သူဆေးရုံကြီးမှာ တက်ရောက် စောင့်ရှောက်ကုသမှု ခံယူလျှက်ရှိနေတယ်လို့ သိရပါတယ်။

အမွှာကလေးငယ်တွေရဲ့ ဖခင်ဖြစ်သူက “အခုမွေးတာ ဒုတိယကိုယ်ဝန်ပါခင်ဗျာ။ ဆေးရုံဆင်းရမယ့်ရက် အတိအကျ မသိမရသေးပါဘူး။ ၇ လလောက်မှာ အာထရာဆောင်းရိုက်တော့ အမြွှာ။ ပုံသဏ္ဍာန်မမှန်တဲ့ အမြွှာလို့ ပြောပြပြီး မိခင်ကို နှစ်သိမ့်ဆွေးနွေးတာတွေ မကွေးဆေးရုံကြီးမှာ လုပ်ပေးပါတယ်။ အခုမွေးဖွားခါနီး မကွေးဆေးရုံက မန္တလေးကို လွှဲပေးပါတယ်” လို့ MT News က မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

အခုလို ပုံသဏ္ဍာန်မမှန်တဲ့ အမြွှာပုံစံ မွေးဖွားမှုကို ကမ္ဘာ့သတင်းမီဒီယာတွေမှာလည်း တွေ့မြင်ရလေ့ရှိပြီး (Dicephalic parapagus) ရှားရှားပါးပါး တစ်ပိုင်း တစ်စ အမြွှာပုံစံလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်တစ်သိန်းမှာ တစ်ဦး အခုလို ဖြစ်စဥ်ဖြစ်တတ်ပြီး၊ အမြွှာအနည်းစု အသက်ရှင်သန်ကြကြောင်းလည်း ဆေးဘက်ဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *