October 30, 2024

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ Power China ကုမ္ပဏီ လာရောက်တင်ပြနေသည့်မြင်ကွင်း

၇. ၁၂. ၂၀၂၂
Written By Myo Khine

ရခိုင်ပြည်နယ် ကမ်းနီးကမ်းဝေးဒေသများအတွက် လေအားလျှပ်စစ် စီမံကိန်းတစ်ခုလုပ်ဆောင်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော POWER CHINA COMPANY က လေအားလျှပ်စစ်စီမံကိန်းအကြောင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ ဒီဇင်ဘာ ၅ ရက်တွင် မိတ်ဆက်တင်ပြခဲ့ကြောင်း အဆိုပါ အစိုးရအဖွဲ့ထံမှ သိရသည်။

စီမံကိန်း ဖြစ်နိုင်ခြေအတွက် ကွင်းဆင်းတိုင်းတာရန် ပြည်နယ်သဘောထားဆန္ဒကို ရယူရန် အထက်ပါအတိုင်း မိတ်ဆက်တင်ပြခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ လုပ်ဆောင်နေသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအတွက် လျှပ်စစ်လိုအပ်ချက် များနေမည် ဖြစ်သောကြောင့် တစ်ကြောင်း၊ အခြေခံအဆောက်အအုံများ လိုအပ်ချက် ရှိနေခြင်းက တစ်ကြောင်းတို့ကြောင့် ယင်းစီမံကိန်းကို လုပ်ဆောင်ပါက ဒေသတွင်း အထောက်အကူများစွာ ရရှိမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ခေတ်ကတော့ လျှပ်စစ်ခေတ်ပါ။ Electric Vehicles EV ခေတ်ပေါ့။ Infrastructures ကတော့ ကျွန်တော်တို့ ပြည်နယ်အတွက် လိုအပ်သလို တိုင်းရင်းသားညီအစ်ကိုတွေအတွက်လည်း အထောက်အကူဖြစ်မှာပါ”ဟု အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက မှတ်ချက်ပြု ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *