October 21, 2024

၈.၃.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နှင့် ဝိန်းကျောက်ရပ်ကွက်အကြား အာခါဈေးလမ်းရှိ ခြံတစ်​ခြံတွင် မတ်လ ၈ ရက် နံနက် ၇ နာရီခန့်က ခြံတံခါးဝတွင် ချိတ်ဆွဲထားသော အထုပ်ကို မိန်းကလေးငယ်တစ်ဦးက ဆွဲယူလွှင့်ပစ်ရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အမှိုက်ပစ်ရန် တွန်းလှည်းဖြင့် ထွက်လာသည့် အသက် ၁၈ နှစ်အရွယ် မအဘူးရာက ခြံတံခါးဝတွင် အဝတ်အနီရောင်ဖြင့် ထုပ်ထားသော အထုပ်အား ဆွဲယူမိရာမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗုံးပေါက်ကွဲမှုကြောင့် မအဘူးရာ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ ဒဏ်ရာရရှိသူကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက အမှုမှန် ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *