October 21, 2024

၈ .၃.၂၀၂၄
Written by Hey Mar

လှိုင်သာယာစက်မှုဇုန်၊ ဇုန် ၁ အတွင်း ဆရာလေး နှစ်ပါးနဲ့ ကိုရင်တစ်ပါး ကားတိုက်ခံရပြီး နှစ်ပါးသေဆုံးကာ တစ်ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ မတ်လ ၈ ရက် နေ့လယ် ၂ နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ လှိုင်သာယာကွန်ရက် ပရဟိတအသင်းဖြစ်တဲ့ ဝိပါက ပရဟိတအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ၊ ဗိုလ်ချုပ်မှတ်တိုင်အနီး စက်မှုဇုန်အပိုင်း ၁ ထဲမှာ ဖြစ်ပွားခဲ့ပြီး လမ်းဖြတ်ကူးတဲ့ အသက် ၁၀ နှစ်ကျော်အရွယ် ဆရာလေးနှစ်ပါးနဲ့ ကိုရင်လေးတစ်ပါးကို ကုန်တင်ကားတစ်စီးက ဖြတ်တိုက်ကြိတ်သွားတာလို့ အနီးအနားစျေးဆိုင်တချို့က မျက်မြင်တွေ့သူတွေက ဆိုပါတယ်။

ယာဥ်တိုက်မှု ဖြစ်စဥ်ကို မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ဝိပါက လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့ အသင်းက Deadbody နှစ်ခုကို သယ်ပြီး မြေပြင်ရှင်းလင်းရေးလုပ်ငန်းစဥ်တွေကို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။ အနီရောင်အဆင့် ခြေထောက်အရိုးပေါ်တဲ့အထိ တိုက်ကြိတ်ခံရတဲ့ ဆရာလေးကိုတော့ မေတ္တာပါရမီ ပရဟိတအသင်းက လှိုင်သာယာဆေးရုံကြီးဆီ အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ပေးပါတယ်။ အဲ့ဒီကမှ ရန်ကုန်ဆေးရုံကြီးကို လွှဲလို့ ဆက်လက်ပို့ဆောင်ပေးရပါတယ်။တိုက်သွားတဲ့ ကားကိုလည်း တာဝန်ရှိသူတွေက ရှာဖွေပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကြားပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *