October 30, 2024

၇ – ၁၂ -၂၀၂၂
Written By Naddy

Horror Suspense ဇာတ်လမ်းပုံစံ The Fifth Question “ပဉ္စမမြောက်ပုစ္ဆာ” ဇာတ်လမ်းတွဲတွင် လျှို့ဝှက်ပြီးစိန်ခေါ်မှုများသည့် အကြွေဆိုသည့် နေရာမှမြင်တွေ့ရမည်ဖြစ်ကြောင်း သရုပ်ဆောင် သဉ္ဇာက ပြောသည်။

“ဒီဇာတ်ကားက နည်းနည်း Horror ဆန်တယ်။ Drama Suspense နည်းနည်းလည်းဆန်ပါတယ်။ ပဥ္စမမြောက်ပုစ္ဆာ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် မင်းသမီးလေး ၅ ယောက်က တစ်ယောက်တစ်မျိုး မတူတဲ့ ဇာတ်ကောင်တွေနေရာက သရုပ်ဆောင်ထားတယ်။ သဉ္ဇာကလျှို့ဝှက်ပြီးစိန်ခေါ်မှု‌များတဲ့ အကြွေဆိုတဲ့ ကောင်မလေးကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ တစ်ယောက်ချင်းဆီမှာ ဘယ်လိုဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေရှိမလဲဆိုတာ ပဉ္စမမြောက်ပုစ္ဆာ ဇာတ်လမ်းတွဲမှာ ပရိသတ်ကြီး အဖြေရှာဖို့ မေးခွန်းတွေ ထုတ်ထားတဲ့ ကားလို့လည်း ပြောလို့ရတယ်။ တခါတလေကြောက်ဖို့လည်း ကောင်းတယ်။ စူးစမ်းလေ့လာချင်စိတ်တွေ ဖြစ်လာမယ်။ ဘယ်လိုတွေဖြစ်လာမလဲ တွေးစရာလေးတွေထုတ်ထားတဲ့ ကားလို့လည်း ပြောလို့ရတယ်။ တစ်ခါတစ်လေကြောက်ဖို့လည်း ကောင်းတယ်။ စူးစမ်းလေ့လာချင်စိတ်တွေ ဖြစ်လာမယ်။ ဘယ်လိုတွေဖြစ်လာမလဲ တွေးစရာလေးတွေ ဖြစ်လာမှာပါ”ဟု သရုပ်ဆောင် သဉ္ဇာက ပြောသည်။

Cosmos Production မှ စီစဉ်ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်ထင် ပုံဖော်ရိုက်ကူးထားသည့် The Fifth Question “ပဉ္စမ‌မြောက်ပုစ္ဆာ” ဇာတ်လမ်းတွဲကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ရက် ည ၈နာရီခွဲ (စနေနှင့်တနင်္ဂနွေ)နေ့တို့တွင် Fortune TV Channel မှ ပြသသွားမည် ဖြစ်သည်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်ခိုင် နှင့် ရွှေပြည်တို့က ရေးသားပြီး ဒါရိုက်တာ ကျော်ထင်က ရိုက်ကူးကာ ဧည့်သည်သရုပ်ဆောင် ကျော်သူ ပါဝင်ပြီး ထူးသာ၊ မင်းသူ၊ လူမုန်း၊ သဉ္ဇာ၊ ဆုထက်၊ မောင်မောင်မျိုးသန့်၊ မင်းမြတ်၊ သန်းသန်းစိုး၊ မော်ကွန်းသစ်၊ မေသက်ကျော် စသည့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

၎င်း ဇာတ်ကားသည် အပိုင်း ၁၆ ပိုင်းပါဝင်ပြီး ပြင်ဦးလွင်မြို့တွင် ကိုဗစ်ပထမလှိုင်းအပြီး သွားရောက်ရိုက်ကူးထားကြောင်း သိရသည်။ ပဉ္စမမြောက်ပုစ္ဆာ ဇာတ်ဝင်တေးကို တေးရေး တေးဆို သာဒီးလူးက ပါဝင်သီဆိုပေးထားပြီး The Key Band ဖြင့် တီးခတ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *