October 20, 2024

၈.၃.၂၀၂၄
Written by Thinzar

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်၊ မြို့ပတ်လမ်းတွင် ဓားကိုင်ပြီးဆဲဆိုသောင်းကျန်းနေသည့် အမျိုးသား ( ၃) ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကျေးအဖွဲ့ဝင်များမှာ သံဖြူဇရပ်မြို့ပေါ် နယ်မြေကင်းလှည့်နေချိန်တွင် မြို့ပတ်လမ်း၌ အများပြည်သူများသွားလာနေသည့်လမ်းတွင် အမျိုးသား ( ၃) ဦးမှ အရိုးအသွား ၁၂ လက်မရှိသည့် ဓားများကိုကိုင်ဆောင်၍ ဆဲဆိုသောင်းကျန်းမှုများ ပြုလုပ်နေသည်ကို တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုဖမ်းဆီးရမိသည့် အမျိုးသား ( ၃) ဦးမှာ အသက် ( ၁၇) နှစ်အရွယ် မိုးစက်၊ အသက် ( ၂၃) နှစ်အရွယ် စိုးထက်လွင်နှင့် အသက် ( ၂၄) နှစ်အရွယ် ကျော်ဇင်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို သံဖြူဇရပ်မြို့မရဲစခန်းက (ပ) ၄၄/၂၀၂၄၊ လက်နက်ဥပဒေပုဒ်မ -၂၃ ( က) ဖြင့် အမှုဖွင့်လှစ်ပြီး စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *