October 20, 2024

၈. ၃. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခသည်တွေ ဝင်ရောက်လာနိုင်မှု မြင့်တက်လာနိုင်ခြေကို မျှော်မှန်းထားတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဘေးကင်းရေးဇုန် ဒါမှမဟုတ် လူသားချင်းစာနာထောက်ထားမှုစင်္ကြံတစ်ခု ထူထောင်ခြင်းကို ချက်ခြင်းဆောင်ရွက်ဖို့ ထိုင်းအစိုးရကို လုံခြုံရေးကျွမ်းကျင်သူတစ်ဦးက တောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးနဲ့ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနက တွဲဖက်ပါမောက္ခတစ်ဦးဖြစ်တဲ့ ပန်နီတန် ဝတ်တာနာရဂွန်က မြန်မာအစိုးရတပ်တွေနဲ့ သူပုန်တပ်ဖွဲ့တွေအကြား လာမဲ့ နွေရာသီမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာနဲ့ မြန်မာစစ်တပ်ရဲ့စစ်မှုထမ်းခြင်းဆိုင်ရာ ကြေညာချက်ကြောင့် အရှိန်အဟုန်ပြင်းပြင်း သတိပေးခဲ့တာပါ။

ဝတ်တာနာရဂွန်ရဲ့အဆိုအရ စစ်မှုထမ်းအသက်အရွယ်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေအတွက်ဆို တိုးချဲ့ဝန်ဆောင်မှုတွေပေးရမှာဖြစ်ပြီး အဲ့ဒီအခြေအနေဟာ လူပေါင်း ၁၀,၀၀၀ လောက်ကို ထိုင်းနိုင်ငံအတွင်း ခိုလှုံဖို့ တွန်းအားပေးနိုင်ကြောင်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံသား အများအပြားဟာ စစ်မှုထမ်းခြင်းကနေ လွတ်မြောက်ဖို့ ထိုင်းနိုင်ငံကို ထွက်ပြေးကြပြီး တချို့က ဘန်ကောက်အတွင်း အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေကို ရွေးချယ်ကာ သူတို့ရဲ့သားသမီးတွေကို ထိုင်းက နိုင်ငံတကာကျောင်းတွေမှာ ပညာသင်ကြားဖို့ စေလွှတ်ခြင်းနဲ့ ထိုင်းနိုင်ငံကို ထွက်ပြေးနေကြတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဝတ်တာနာရဂွန်က ထိုင်းအစိုးရရဲ့ကြိုတင်ပြင်ဆင်မှု အားနည်းတာကို ဝေဖန်ခဲ့ပြီး လုံခြုံရေးဇုန်တွေ ထူထောင်ဖို့အတွက် စစ်တပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေအကြား ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ကာ မြန်မာ့အကျပ်အတည်းကို စုပေါင်းဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံဖို့လည်း သူက နိုင်ငံခြားရေး ဝန်ကြီးဌာနကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းတွေ ထူထောင်ရေး ကိစ္စရပ်တွေမှာ ထိုင်းနိုင်ငံက ဒုက္ခသည်တွေ တည်းခိုနေထိုင်ရေး ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးဖို့ အာဆီယံ မိတ်ဖက်တွေဆီက ငွေကြေးအကူအညီ ရယူသင့်တယ်လို့လည်း ဝတ်တာနာရဂွန်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

နယ်စပ်တစ်လျှောက် တင်းမာမှုတွေ တိုးမြင့်လာတာနဲ့အမျှ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လျော့ပါးစေဖို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *