October 19, 2024

၈. ၃. ၂၀၂၄
Written By Thandar

အဆိုတော် ပေါက်စီ ပြန်လည်သီဆိုထားပြီး တစ်ချိန်က နာမည်ကြီးခဲ့တဲ့ “ပြားချပ်ချပ် Watching Party With VVIP” ပွဲကို မတ်လ ၇ ရက် ညပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် အမှတ် ၃၆ ရှိ FUJI MURI Cafe, Bar & Restaurant မှာ ကျင်းပခဲ့ရာ အနုပညာရှင်တွေများစွာ တက်ရောက်ခဲ့ကြပါတယ်။

“တစ်ချိန်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ အဆိုတော်ကြီး ဦးဘိုဘိုဟန်ရဲ့ နာမည်ကြီး တေးသီချင်း ပြန်လည် သီဆိုရတာမို့ ကိုယ့်အတွက် တာဝန်လည်းကြီးပါတယ်။ ဒီသီချင်းကို အရမ်းကို ကြိုက်လို့ပြန်လည် သီဆိုဖြစ်တာပါ။ ခုခေတ်ကာလမှာ ပရိသတ်ဆီက ချစ်ခြင်းမေတ္တာတွေကိုလိုချင်လို့ ခုလိုမျိုးသီချင်းလေးကို သရုပ်ဆောင်အားကောင်းကောင်းနဲ့ သေချာပုံဖော်ခဲ့ကြပါတာပါ။ ပရိသတ်အားပေးရင်ပဲ ကျေနပ်ပါပြီ။ ပြားချပ်ချပ် သီချင်းလေး ထွက်လာရင် အားပေးပါကြပါလို့ ပြောချင်ပါတယ်”လို့ အဆိုတော် ပေါက်စီက ပြောပါတယ်။

ဒီသီချင်းမိတ်ဆက်ပွဲကိုတော့ Music Video မှာ ပါဝင်သရုပ်ဆောင်ထားတဲ့အနုပညာရှင်တွေအပြင် ဆင်ပေါက် ၊ ဘုန်းလျှံတို့ ဇနီးမောင်နှံ ၊ ထက်မွန် ၊ သျှင်နေမင်း ၊ လုလင်ပျို၊ လပြည့်၊ ရတနာမိုင် ၊ ရွှေထိုက် ၊ လှယမင်းအိမ်စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါတေးသီချင်းကတော့ တေးရေးဆရာ ကိုလေးလွင်ဖြစ်ပြီး ဒါရိုက်တာ Sharon က သရုပ်ဆောင်တွေ ဖြစ်တဲ့ ကိုဘင်း ၊ ပေါက်စီ ၊ ဇွဲပြည့် ၊ နေလင်းကျော် ၊ တေဇ ၊ ပွင့်နဒီမောင် ၊နှိုင်းယှဥ်မြင့်မိုရ် ၊ ခရစ္စတီးနား စတဲ့သူတွေနဲ့ ရှေးခေတ်ပုံစံ ရိုက်ကူးပေးထားပါတယ်။ ပြားချပ်ချပ် တေးသီချင်းကတော့ ယနေ့ မတ်လ ၈ ရက်မှာ Facebook Social Media ကတစ်ဆင့်ထွက်ရှိမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *