October 20, 2024

၈.၃.၂၀၂၄
Written by Thinzar

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့၊ ဟင်္သာကျွန်းကျေးရွာတွင် နေထိုင်သည့်အမျိုးသမီးငယ်တစ်ဦးကို အိမ်နီးချင်းအမျိုးသားတစ်ဦးက နွားတင်းကုတ်ထဲမှာ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က မတ်လ ၃ ရက်နေ့မှာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ ထမင်းမစားခင် ပျို့အန်တာကြောင့် မိခင်ဖြစ်သူက ဆီးစစ်တံ စစ်ကြည့်ရာမှာ သမီးဖြစ်သူထံ ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရတာပါ။

ဒီလို ကိုယ်ဝန်ရတဲ့ဖြစ်စဥ်အကြောင်းကို မိခင်က အသက် ( ၁၈) နှစ်အရွယ် သမီးဖြစ်သူကိုမေးမြန်းရာမှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက အိမ်နီးချင်းနေထိုင်တဲ့ အသက်( ၅၀) အရွယ် ဇော်ချို ( ခ) ဖိုးဇော်ချိုက မိန်းကလေးငယ်ရဲ့နေအိမ်မှာ လူကြီးတွေမရှိချိန် နွားတင်းကုတ်ထဲကို ခေါ်ဆောင်ပြီး အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သလို၊ နောက်ရက်မှာလည်း အဲဒီနွားတင်းကုတ်ထဲမှာပဲ ထပ်မံပြုကျင့်ခဲ့ပြီး သားမယားပြုကျင့်တာကို မိဘတွေထံပြောပါက သတ်ပစ်မယ်လို့ခြိမ်းခြောက်ကြောင်း မိခင်ဖြစ်သူထံ ပြောပြခဲ့ပါတယ်။

ဒါကြောင့် မိခင်ဖြစ်သူက ဇော်ချို ( ခ) ဖိုးဇော်ချိုကို သက်ဆိုင်ရာထံ တိုင်ကြားတာကြောင့် တရားခံကို ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အမှုကြီးအမှတ်စဥ် ( ၁/၂၀၂၄) အမှုဖွင့်ကာ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *