October 19, 2024

၈.၃.၂၀၂၄
Written By Thandar

GL Series ပုံစံ “နှလုံးသားရဲ့ အခြားတစ်ဖက်” My Other Half ဇာတ်လမ်းတွဲ Press Show ပွဲကို မတ်လ ၇ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ Kan Thar Yar Shopping Mall ရှိ Rangoon Cinema မှာ ကျင်းပခဲ့ ပါတယ်။

“ဒီကားလေး ရိုက်ပြီး နည်းနည်းလည်း ကြာသွားတော့ ဒီကြားထဲ နှစ်ယောက်သားမတွေ့ဖြစ်ဘူးပေါ့နော်။ ဒီကားပြသတော့မှာ စိတ်လှုပ်ရှားရပါတယ်။ မှူးက ကာရိုက်တာ အသစ်အသစ်တွေကိုလည်းသဘောကြပါတယ်။ာမှူးက ဒီဇာတ်ကားမှာ ချစ်ရတဲ့ သူငယ်ချင်း မိန်းကလေးကို ၅၂၈ ထက်ပိုတဲ့ အချစ်နဲ့ ချစ်မိသွားတဲ့ ဟန်နီကိုနေရာက ပါဝင်ထားပါတယ်။ GL Girl Love ကားလေးပါ “လို့ သရုပ်ဆောင် မှူးထိပ်ထားက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို ဇာတ်ညွှန်း လုံမက ရေးသားပြီး ဒါရိုက်တာ စမ်းဝတီက မိဘတွေရဲ့ဆန္ဒကို လိုက်လျောခဲ့ရသူနဲ့ ကိုယ်ချစ်တဲ့သူပျော်ရွှင်စေဖို့ အရာရာမှာ နောက်ဆုတ်ပေးခဲ့ရသူတို့နှစ်ယောက် တွေ့ဆုံကြတဲ့ အခက်အခဲတွေကို ထပ်ဟပ်အောင် ပုံဖော်ထားတယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲကို သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန် ၊ ဘုန်းမင်းနေလ ၊ မှူးထိပ်ထား ၊ ဟေလရီစိုး ၊ သြဂတ်စ်မိုး၊ မိုးခမ်း၊ ခင်မိုမိုအေး စတဲ့သူတွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။.

“ညီမက ဒီဇာတ်ကားမှာ Bisexual တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီကားအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရတာတွေများတယ်။ Bisexual LGBT ဆိုတာ ပုံမှန်ကြည့်ရင် မခက်ခဲဘူး ထင်ပေမယ့် တကယ့်တမ်း သူတို့နေရာမှာ သရုပ်ဆောင်ဖို့က ကာရိုက်တာ မမိမှာဆိုးတယ်။ ညီမ ဒီဇာတ်ကားမှာတော့ ယောက်ျားလေးရော မိန်းကလေးရောကို စိတ်ဝင်စားသူတစ်ယောက်ဆိုတော့ ပိုတာဝန်ကြီးပါတယ်”လို့ သရုပ်ဆောင် ဟေလရီစိုးက ပြောပါတယ်။

“နှလုံးသားရဲ့အခြားတစ်ဖက်” ဇာတ်လမ်းတွဲကို မနက်ဖြန် မတ်လ ၉ ရက် ည ၇ နာရီကစပြီး အပတ်စဥ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ M Entertainment ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *