October 20, 2024

၇. ၃. ၂၀၂၄
Written by Nay Moe

နာမည်ကျော် လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဟာ KIA နဲ့ PDF တွေ ဒီနေ့ စတင်တဲ့ Operation 0307 တိုက်ပွဲကို စစ်ကူအသွား KIA ၊ PDF တွေ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့ ကနဦး သိရပါတယ်။

ဒီမနက် ၆ နာရီက စတင်ပြီး KIA နဲ့ PDF တွေက Operation 0307 စတင်လိုက်တာကြောင့် မနက် ၇ နာရီခွဲခန့်အချိန်မှာ ဝိုင်းမော်ကနေ ရွှေညောင်ပင်ဘက်ကို 4 wheel ကားတစ်စီးနဲ့ထွက်ခွာလာတဲ့ ဦးရွှေမင်းတို့ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အောင်မြေသစ်ရွာ၊ အင်လုံခတံတားအနီးတိုက်ပွဲမှာ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တာပါ။

ဒီတိုက်ပွဲမှာ ဦးရွှေမင်းတို့ပြည်သူ့စစ်တစ်ဖွဲ့လုံး ကျဆုံးသွားတယ်လို့ သိရပြီး ဒီညနေပိုင်းမှာတော့ သေဆုံးနေတဲ့ဦးရွှေမင်းပုံရိပ်ကို KIA နဲ့ PDF လက်နက်ကိုင်တွေက လူမှုကွန်ရက်မှာ ဖြန့်ဝေလာခဲ့တာဖြစ်ပြီး MT News သတင်းဌာနအနေနဲ့ သတင်းအပြည့်အစုံကို ဆက်လက်စိစစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *