October 21, 2024

၇. ၃. ၂၀၂၄
Written by Nay Moe

တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်သွားတာကြောင့် ဒီနေ့ကစပြီး ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်မှာရှိတဲ့ တပ်စခန်းတွေကို Operation 0307 နာမည်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဒီနေ့ မတ်လ ၇ ရက် မနက် ၆ နာရီဝန်းကျင်မှာ စတင် ထိုးစစ်ဆင်နေတယ်လို့ ကနဦးစစ်ရေးသတင်းတွေအရ သိရပါတယ်။

KIA ဟာ သူ့ရဲ့လုပ်ကွက်တွေရှိပြီး ဝင်ငွေအများဆုံးရနေတဲ့ ဖားကန့်ကို ဖေဖော်ဝါရီ ၂၆ ရက်ကစပြီးသိမ်းနိုင်ဖို့ အသည်း အသန်ကြိုးပမ်းနေသလို တာမခန်မှာလည်း တပ်စခန်းတချို့သိမ်းယူလိုက်တာကြောင့် တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေချိန် ဒီနေ့မှာ Operation 0307 ကိုလည်း KIA၊ PDF ပူးပေါင်းစစ်ဆင်မှုနဲ့ စတင်လိုက်ပြီး တပ်စခန်း ၁၀ ခုအထက်ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ KIA ဟာ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက်က တပ်စခန်း ၁၂ ခုကို Operation 0307 စစ်ဆင်ရေးအနေနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး တပ်စခန်းငယ်တချို့ကို သိမ်းယူထားနိုင်သလို အင်တပ်တောင်စခန်း၊ တပ်မဟာ (၃) ဒေသ မြို့သစ်တံတားစခန်း၊ ဘွမ်ရေဘွမ်စခန်းတွေ သိမ်းလိုက်ပြီလို့လည်း ကချင်တက်ကြွလှုပ်ရှားသူတွေက လူမှုကွန်ရက်မှာ ရေးသားနေပြီး KIA ၊ PDF က တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် တပ်ဘက်ကလည်း လေကြောင်းကနေ လိုင်ဇာကို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

Operation 0307 စတင်အပြီးမှာ KIA နဲ့ PDF တွေဘက်က တရားဝင်သတင်းမထုတ်ပြန်သေးပေမဲ့လည်း နှစ်ဖက်ပစ်ခတ်မှုအကြား ပြည်သူသုံးဦးထက်မနည်း ထိမှန်သေဆုံးခဲ့တယ်လို့ ကနဦးကြားသိရသလို တပ်မတော်ဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးဘဲ နှစ်ဖက်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထုတ်ပြန်လာချိန် ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *