October 21, 2024

၇.၃.၂၀၂၄
Written by Thinzar

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့၊ တောင်ကလေး- သဘက်ဆွဲလမ်းတွင် ရထားနှင့်ဆိုင်ကယ်တိုက်မိရာက ဆိုင်ကယ်မောင်းသူအမျိုးသမီးသေဆုံးသွားကြောင်း သိရသည်။

ထိုဖြစ်စဥ်ကို မတ်လ ၇ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် ဘီးလင်းမြို့ရှိ ဒေသခံလူမူကူညီရေးအသင်းသို့ ပြည်သူများမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဥ်တွင် ရထားတိုက်မိသူအမျိုးသမီးမှာ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်တောက်သေဆုံးနေပြီး ပါရှိလာသော ကျပ်သိန်းဆယ်ဂဏန်းခန့်ရှိ ငွေသားများလည်း ပြန့်ကြဲနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

“ရထားလမ်းဖြတ်မောင်းတာလား။ ရထားဘေးကနေ မောင်းသွားတာလားတော့မသိဘူး။ ဆိုင်ကယ်နားမှာတော့ ပိုက်ဆံတွေအများကြီးပဲ”ဟု ဘီးလင်းမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ထိုသေဆုံးသွားသည့် အမျိုးသမီးမှာ မအိသဲမွန်ဖြစ်ကြောင်း၊ ၎င်းမှာအခင်းနေရာတွင် သေဆုံးသွားသောကြောင့် ဘီးလင်းဆေးရုံရင်ခွဲရုံသို့ ဒေသခံလူမူကူညီရေးအသင်းမှ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *