October 21, 2024

၇. ၃. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံရှိ City Mart Holdings ကုမ္ပဏီလီမိတက်ဟာ နိုင်ငံပေါင်းစုံက ရင်းနှီးမြုပ်နှံမှုတွေ ရပ်တန့်ပြီးနောက် လစ်ဟာနေတဲ့ စတိုးဆိုင်လုပ်ငန်းကို အရှိန်အဟုန်ပြင်းစွာ ချဲ့ထွင်ကာ သူ့ရဲ့စတိုးဆိုင်လုပ်ငန်းကို ရည်မှန်းချက်ကြီးကြီးနဲ့ ချဲ့ထွင်ဖို့ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

City Mart ဟာ သူရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ City Express ဆိုင်ခွဲတွေကို ပြီးခဲ့တဲ့နှစ်က တည်နေရာ ၃၁ ခု ထပ်မံဖွင့်လှစ်ခဲ့ပြီး ဆိုင်ခွဲပေါင်း ၁၂၅ ဆိုင်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းမှာ ကုမ္ပဏီဟာ City Express ဆိုင်ခွဲပေါင်း ၂၀၀ ဖွင့်ဖို့ ပစ်မှတ်ထားခဲ့ပေမဲ့ သူတို့ စီစဉ်ထားတာနဲ့ ဝေးကွာခဲ့ရပြီး အခုအခါ တိုက်ရိုက်စီမံခန့်ခွဲနိုင်တဲ့ စတိုးဆိုင်တွေဘက်ကို အာရုံစိုက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် အာဏာအငြင်းပွားမှုဖြစ်စဥ်အပြီးမှာ၂၀၁၃ ခုနှစ်ထဲက စတင်ခဲ့တဲ့ City Express လိုမျိုး လုပ်ငန်းခွဲအတွက် အခုလို တစ်နှစ်ကို တည်နေရာ ၃၀ ကျော် ဖွင့်လှစ်နိုင်တာဟာ အတော်လေးကို သံသယဝင်စရာဖြစ်နေခဲ့ပါတယ်။

အခုနှစ်မှာတော့ City Mart ဟာ ဖောက်သည်တွေ အဝင်အထွက်နဲ့ အမြတ်အစွန်းတွေအကြား မျှတအောင်ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်က ပြောကြားခဲ့ပါတယ်။

City Mart အဖွဲ့ရဲ့ အမှတ်တံဆိပ်တွေထဲမှာ City Mart စူပါမားကတ်တွေ၊ Ocean စူပါစင်တာကြီးတွေနဲ့ ချမ်းသာကြွယ်ဝသူတွေကို ပစ်မှတ်ထားတဲ့ Marketplace လို စူပါမားကတ်တွေ ပါဝင်ပါတယ်။ ဝင်ငွေတွေကို ထုတ်ဖော်ပြောကြားခြင်း မရှိပေမဲ့ ကမ္ဘာ့နိုင်ငံပေါင်းစုံကနေ City Mart Holdings ကို ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

၂၀၁၃ ခုနှစ်က ဂျပန်ကုန်သွယ်ကုမ္ပဏီ Sojitz ဟာ “မြန်မာနိုင်ငံရဲ့ အကြီးဆုံး လက်လီနဲ့ ဖြန့်ဖြူးရေးအုပ်စု” လို့ သတ်မှတ်ခံခဲ့ရတဲ့ City Mart နဲ့ စီးပွားရေး ချိတ်ဆက်မှုကို ကြေညာခဲ့ပါတယ်။

City Mart ဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော် ရန်ကုန်တဝိုက်မှာ သူ့ရဲ့ တိုးချဲ့မှုကို ဗဟိုပြုနေပြီး လုပ်ငန်းတန်ဖိုးအရ မြန်မာနိုင်ငံမှာ အကြီးဆုံး လက်လီရောင်းချသူ ဖြစ်လာနိုင်တယ်လို့ ဦးဖြိုးမင်းကျော်က ပြောပါတယ်။

အထူးသဖြင့် City Mart လို ပေါ့ပေါ့ပါးပါးစတိုးဆိုင်တွေဟာ လိုအပ်တာတွေကိုပဲ ဝယ်ယူကြတဲ့ ခေတ်မီလက်လီရောင်းချတဲ့ပုံစံတွေကို ကျင့်သုံးနေတဲ့ လူငယ်တွေနဲ့ ကျောင်းသားတွေကို ဆွဲဆောင်နေပါတယ်။

City Mart ရဲ့လက်ရှိစိန်ခေါ်မှုမှာ အထူးသဖြင့် ပင်မစူပါမားကတ်လုပ်ငန်းတွေရဲ့ လည်ပတ်မှုကုန်ကျစရိတ်ကို လျှော့ချခြင်းဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် မီးစက်တွေအတွက် လောင်စာဆီ သုံးစွဲနေရပြီး လုံခြုံရေးအခြေအနေ ယိုယွင်းလာမှုကြောင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစရိတ်တွေဟာလည်း ဖောင်းပွလာခဲ့ပါတယ်။

ပထမဦးစားပေးအနေနဲ့ City Mart ဟာ သွင်းကုန်တွေ လျော့ကျခြင်းနဲ့အတူ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေ ပိုမို ကျယ်ပြန့်အောင် လုပ်ဆောင်လျက်ရှိပါတယ်။

Ref; Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *