October 22, 2024

၇. ၃.၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံ ဖူးခက်ခရိုင် ရဲတပ်ဖွဲ့ဟာ ရာဇဝတ်မှုမျိုးစုံနဲ့ နိုင်ငံခြားသား ၁၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ခဲ့ပါတယ်။

ဖူးခက်က ချာရမ်တလေခရိုင်မှာ မြန်မာနိုင်ငံသားတွေဖြစ်ကြတဲ့ မအိငွေဝင်း (၃၄ နှစ်)၊ မောင်ရန်နေစု(၂၈ နှစ်)နဲ့ မစုစုခိုင် (၂၉နှစ်) နှစ်တို့နဲ့အတူ ဗြိတိန်နိုင်ငံသား အဒမ် ဟောင်းဝပ်ဖလမ်းမင်း (၃၅ နှစ်) တို့ကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း ဒါမှမဟုတ် ဘန်တာအိုညဈေးအနီးက Mekka Jerk စားသောက်ဆိုင်က အလုပ်လုပ်ကိုင်ခွင့်မှာ ဖော်ပြထားခြင်းမရှိတဲ့ အလုပ်လုပ်ခြင်းအတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ထို့အတူ နိုင်ယန်းခရိုင် ကမ်းခြေရှေ့က Bliss ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမားလေးဦး ဖမ်းဆီးခံခဲ့ရပြီး သူတို့ဟာ မောင်လွင်လွင်ကို၊ မပုံ့ပုံ့ဝင်း၊ မသိင်္ဂီစိုး၊ မောင်နိုင်လင်းတို့ဖြစ်သလို သူတို့ တစ်ယောက်စီမှာမှ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ခွင့် ခွင့်ပြုချက်လက်မှတ်တွေမရှိခဲ့ဘဲ နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်မှုနဲ့ တရားမဝင် အလုပ်လုပ်ကိုင်မှုတွေအတွက် သူတို့ကို တရားစွဲဆိုထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖူးခက်က နေရာတိုင်းမှာ ရဲတွေဟာ နိုင်ငံခြားသားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကို အလေးအနက်ထား စုံစမ်းစစ်ဆေးပြီး ဖူးခက်နေ ပြည်သူလူထုအား သူတို့ကို ယုံကြည်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးခြင်းတွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့ အစီရင်ခံမှာဖော်ပြထားသလို ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရုရှားနိုင်ငံသား၊ သြစတြေးလျနိုင်ငံသားနဲ့ ကာဇက်စတန်နိုင်ငံသားတွေလည်း ပါဝင်ခဲ့ပါတယ်။

ဖူးခက်မှာ ဘယ်လိုဥပဒေမျိုးကိုပဲဖြစ်ဖြစ် ချိုးဖောက်ကြောင်း တွေ့ရှိရတဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်သွားဖွယ်လည်း ရှိနေပါတယ်။

Ref; Phuket Police Page

Leave a Reply

Your email address will not be published. Required fields are marked *