October 22, 2024

၇. ၃ .၂၀၂၄
Written by Hey Mar

လမ်းပေါ်ရပ်ထားတဲ့ ကုန်တင်ကားရဲ့နောက်ပိုင်းကို ၆ ဘီးကားတစ်စီးက ဝင်တိုက်တာကြောင့် ၆ ဘီးကားယာဥ်မောင်း ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ မတ်လ ၇ ရက်နေ့ မနက် ၇ နာရီဝန်းကျင်အချိန်က ဘားအံ -မြဝတီ အာရှလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံ -မြဝတီ အာရှလမ်းမကြီးပေါ်ရှိ ကော့ကဒါကျေးရွာ၊ စံပါယ်ဖြူ စက်သုံးဆီဆိုင်အနီးမှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ယာဥ်မောင်းကို ကားအတွင်းကနေ မြန်မာနိုင်ငံ ပရဟိတအသင်းတာဝန်ရှိသူတွေက ခက်ခက်ခဲခဲ ဖယ်ထုတ် ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံမှ တာဝန်ရှိသူက” ယာဥ်မောင်းက ဒဏ်ရာပြင်းထန်တယ်။ ခြေထောက် နှစ်ဖက်ကျိုးပြီး ခေါင်းထိထားပါတယ်။ နယ်မြေခံအသင်းကတစ်ဆင့် ကျွန်တော်တို့ဆီ လွှဲပြောင်းလို့ ဘားအံဆေးရုံကြီးဆီ တင်ပို့ခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။

ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံ

Leave a Reply

Your email address will not be published. Required fields are marked *