October 22, 2024

၇. ၃. ၂၀၂၄
Written by Thinzar

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ၄ မိုင်စစ်ဆေးရေးဂိတ်အနီး၊ မိုင်တိုင်အမှတ် (၁၁၉/၇) နှင့် (၁၂၀) ကြားတွင် ဝက်များတင်ဆောင်လာသည့် မော်တော်ယာဥ်တစ်စီးတိမ်းမှောက်ရာက ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်မှာ မတ်လ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်နီရွာမှ ဝက်များတင်ဆောင်လာသည့် ယာဥ်မှာ ဘရိတ်ပေါက်၍ လမ်းဘေးရေမြောင်းထဲသို့ ထိုးကျခဲ့ကြောင်း သိရကာ ထိုယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်တွင် လိုက်ပါလာသူ ၃ ဦးမှာ သေဆုံးပြီး ၅ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်နှင့်အတူ ရွာငံမြို့ ညောင်ထောက်ကွေ့တွင်လည်း မတ်လ ၅ ရက်နေ့က ပရိုဘောက် မော်တော်ယာဥ်တစ်စီးတိမ်းမှောက်ရာက ၆ ဦးသေဆုံးသွားကြောင်း သိရသည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *