၇. ၃. ၂၀၂၄
Written by Thinzar
မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်း၊ မော်လမြိုင်ဘူတာကြီးမီးပွိုင့်အနီးတွင် ၁၂ ဘီးယာဥ်တစ်စီး အရှိန်လွန်၍ နောက်ပြန်ထိုးကျကာ ချောက်ထဲသို့ပြုတ်ကျခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်တွင် မတ်လ ၆ ရက် ည ၇ နာရီအချိန်က ယာဥ်တစ်စီးချောက်ထဲ ထိုးကျကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံသို့ ဖုန်းဆတ်အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့ ဒေသခံလူမူကူညီရေးအသင်းများပါ သွားရောက်ကူညီခဲ့သည်။
“ဒီကုန်းတက်က အရှိန်ပါပါနဲ့တက်မှ။ မတက်နိုင်ရင် ပြုတ်ကျမှာပဲ။ ကုန်းတက်တော့မယ်ဆို လမ်းကြောင်းကိုသိမှ။ ခုတော်သေးတယ်။ ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်က ဒဏ်ရာအနည်းငယ်ပဲရတာ”ဟု မော်လမြိုင်မြို့တွင် နေထိုင်သည့် ပြည်သူတစ်ဦးက ဆိုသည်။
ထို ၁၂ ဘီးယာဥ်မှာ ကုန်ပစ္စည်းများတင်လာစဥ် မီးပွိုင့်ကုန်းတက်ကို အရှိန်ဖြင့်တက်သော်လည်း အရှိန်မထိန်းနိုင်ဘဲနောက်ပြန်ထိုးကျသောကြောင့် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်တို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
Photo -credit