၆. ၃. ၂၀၂၄
Written by Nyein Kyaw
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး ပင်လယ်ပြင်တွင် မသင်္ကာဖွယ်စက်လှေပေါ်မှ ငွေကျပ် ၅ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်းအနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မသင်္ကာဖွယ်စက်လှေအား စစ်ဆေးခဲ့ရာ စက်လှေပေါ်မှ ဒေသကာလတန်းဖိုး ငွေကျပ် ၅ ဒသမ ၂၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၃ နာရီအချိန် ပူးပေါင်းအဖွဲ့သည် သိမ်းဆည်းရမိ စိတ်ကြွမူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်မောင်လေး (ခ) သိန်းဝင်းအား ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ညနေ ၅ နာရီအချိန် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာတွင် စိတ်ကြွမူးယစ်ဆေးပြားများ တင်ပို့ပေးခဲ့သူများဖြစ်ကြသည့် ဝင်းသိန်းထွန်း(ခ)နေသူနှင့် လင်းထွန်းဟန်(ခ) သားပုတို့ ၂ ဦးအား စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။