October 20, 2024

၆.၃.၂၀၂၄
Written by KL

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်း၊ ရွှေလမ်းမကြီးတွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီး ကားတိုက်ခံရပြီး ထပ်မံ၍ ကားတစ်စီး ထပ်ကြိတ်မိရာမှ သေဆုံးခဲ့မှု ယနေ့(မတ်လ ၆ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

အသက် ၂၀ ကျော်အရွယ် အမျိုးသမီးမှာ ဆိုင်ကယ်မောင်းနှင်လာစဥ် ကားတိုက်ခံရကာ လဲကျချိန်၌ အနောက်မှလာသော ကားတစ်စီးက ထပ်မံတိုက်မိခဲ့၍ သေဆုံးရခြင်းလည်းဖြစ်သည်။

ထိုဖြစ်စဥ်တွင် သေဆုံးသူအမျိုးသမီးငယ်မှာ ဂျိန်းဖော့ဧရာကားဂိတ်မှ စာရေးမတစ်ဦးဖြစ်ပြီး အလုပ်သို့လာစဥ်လမ်းခုလတ်၌ ယာဥ်မတော်တဆဖြစ်ကာ ဦးခေါင်းကြေမွ ဒဏ်ရာရရှိကာ နေရာတွင်ပင် သေဆုံးခဲ့ရသည် ။

သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်) ထံမှ သိရသည်။

“မြစ်ကြီးနားက ယာဥ်အတိုက်များတဲ့နေရာ လမ်းလေးခွဆုံ၊ သုံးခွဆုံနေရာတွေမှာ ယာဥ်ထိန်းရဲတွေ စောင့်ပြီး လမ်းပြပေးသင့်တယ်။ သူတို့တွေ ရှိတော့ ကားကော၊ ဆိုင်ကယ်ကော နည်းနည်းသတိထား မောင်းကြမှာ။ခဏခဏ ကားတိုက်၊ ဆိုင်ကယ်တိုက်နဲ့ လူတွေသေနေကြတာ စိတ်မကောင်းဘူး”ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *