October 20, 2024

၆.၃.၂၀၂၄
Written by Thinzar

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ ကျောက် တိုင်ကျေးရွာနှင့် ပင်လယ်ကျေးရွာကြားရှိ ထန်းတောထဲတွင် နွားကျောင်းနေသည့် အမျိုးသားတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်တွင် မတ်လ ၄ ရက် မွန်းလွဲ ၁ နာရီကျော်က နွားကျောင်းနေသည့် ဦးတင်ရွှေကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း၊ ထိုအမျိုးသားကို မည်သည့်အတွက်ကြောင့် သေနတ်ဖြင့်ပစ်ခတ်သွားသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် ကျောက်တိုင်ကျေးရွာတွင်နေထိုင်သည့် အသက် ( ၅၂) နှစ်အရွယ် ဦးတင်ရွှေမှာ ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေကြောင်း မြင်းခြံမြို့တွင် နေထိုင်သည့် ပြည်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း မြင်းခြံမြို့တွင် ဆိတ်ကျောင်းနေသည့် အမျိုးသားငယ်တစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားသည့် ဖြစ်စဥ်များလည်းရှိခဲ့သည်။

ပုံစာ။ မြင်းခြံ PDF များမြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *