October 19, 2024

၇.၃.၂၀၂၄
Written By Thandar

တေးသီချင်းတွေနဲ့ ပရိသတ်ကို ဖမ်းစားခဲ့တဲ့ အဆိုတော် သရုပ်ဆောင်အကယ်ဒမီ ရွှေထူးကတော့ ချစ်ဇနီးရွှေမှုံရတီအတွက် ပရိသတ်တွေ မြင်နေကျမဟုတ်တဲ့ မတူညီတဲ့ပုံစံလေးတွေနဲ့ တေးသီချင်းသစ်တွေ ထွက်လာဖို့ ရေးထားတာရှိတယ်လို့ ရင်ဖွင့်လာပါတယ်။

“ပရိသတ်က ကျွန်တော်တို့ ဇနီးမောင်နှံကို တချို့ Troll ကြတာတွေ တွေ့ရပါတယ်။ တချို့ဆို လန့်သွားတယ်။ ရွှေမှုံက ဒီလောက် အချိန်တွေ နှစ်တွေ အရမ်းကြာပေမယ့် သူကတော့ ချွဲနေတုန်းပါပဲ။ ကိုယ့်ဇနီးမောင်နှံတွေမှ မဟုတ်ပါဘူး။ တစ်ခါတလေ စကားများတာလည်း ရှိတာပေါ့။ချော့တာလည်းရှိသလို တစ်ခါတလေ စိတ်တိုတတ်တာလည်းရှိပါတယ်။ သူ့အတွက် သီချင်းသစ်လေးတွေ လုပ်ပေးထားတာရှိပါတယ်။ ကျွန်တော်နဲ့ အတူတူ တွဲဆိုမယ့် သီချင်းလေးတွေ ရှိပါတယ်။ ပရိသတ်တွေ မြင်နေကျမဟုတ်တဲ့ မတူညီပုံစံလေးတွေနဲ့ ထွက်လာဦးမှာပါ ”လို့ အကယ်ဒမီ ရွှေထူးက ပြောပါတယ်။

သူကိုတော့ တချို့ တေးသီချင်းသီဆိုဖျော်ဖြေပွဲတွေ သွားရာမှာ မိတ်ကပ်ဆရာ မခေါ်ဖြစ်ချိန်တွေမှာ ဇနီးသည်ဖြစ်တဲ့ ရွှေမှုံရတီက အကောင်းဆုံး စိတ်တိုင်းကျအောင် လိမ်းချယ်ပေးတယ်လို့ဆိုပါတယ်။ ရွှေထူးကတော့ လက်ရှိ သရုပ်ဆောင် ခင်သဇင်ရဲ့ အောင်စေ ရုပ်ရှင်ထုတ်လုပ်ရေးက မင်းသမီး အိချောပိုတို့နဲ့အတူ “တယုတယ ခြွေ” ဇာတ်ကားကို ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

“အိမ်ထောင်သက်တမ်းကတော့ ၅ နှစ်ကျော်သွားပါပြီ။ ကလေးလေး ယူဖို့တော့ စကားပြောဖြစ်တာ ရှိပါတယ်။ လောလောဆယ် လွတ်လွတ်လပ်လပ်သွားချင်သေးတယ်။ ဒါကြောင့်မို့ပါ။ သွားသွားလာလာဆိုတော့ လောလောဆယ်ကလေးယူဖို့ မရှိသေးပါဘူး။ တကယ်လို့ ရသွားတော့လည်း ရသွားတာပေါ့။ ကံပေါ့နော်။ ရရင်တော့ ယူမှာပါ” လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *