၇. ၁၂. ၂၀၂၂
Written by Pan Ei
တောင်ကိုရီးယား ယောက်ျားလေး အဆိုတော်အဖွဲ့ Big Bang ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ T.O.P ဟာ ၂၀၂၃ ခုနှစ်မှာ ဂျပန်ဘီလျံနာသူဌေးတစ်ဦးဖြစ်တဲ့ Yusaku Maezawa နဲ့အတူ အာကာသထဲကို ခရီးထွက်ဖို့ ရှိတယ်လို့ သိရပါတယ်။
ဂျပန်ဘီလျံနာနဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့ Yusaku Maezawa နဲ့အတူ Elon Muskရဲ့ Space X တို့ ပူးပေါင်းစီစဉ်ထားတဲ့ #dearMoon အာကာသခရီးသွား ပရောဂျက်မှာ ပါဝင်ဖို့ အရပ်သား ၈ ဦးကို ရွေးချယ်ရာမှာ T.O.P ပါဝင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါပရောဂျက်မှာ ပါဝင်ဖို့ ရွေးချယ်ရာမှာ လူသားမျိုးနွယ်ကို အကျိုးပြုနိုင်တဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အရည်အချင်းရှိတဲ့သူတွေ၊ သြဇာရှိတဲ့သူတွေ၊ အရည်အချင်းရှိတာတွေအပေါ် အခြေခံပြီး ရွေးချယ်ထားတယ်လို Yusaku က ပြောပါတယ်။
၂၀၀၆ ခုနှစ်က Big Bang အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ T.O.P ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက YG Entertainment ကနေ ထွက်ခဲ့ပြီး တစ်ကိုယ်တော် အနုပညာ လှုပ်ရှားမှုတွေလည်း ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။
T.O.P ဟာ အာကာသခရီးသွားမယ့် ပထမဆုံး တောင်ကိုရီးယား အဆိုတော် ဖြစ်လာမှာဖြစ်လို့ ပရိသတ်တွေက ဂုဏ်ယူနေကြပါတယ်။
Ref; Allkpop, Koreaboo