MT News
၆. ၃. ၂၀၂၄
ထန်းတပင်မြို့နယ် လသာကျောင်းတိုက်က နိုင်ငံကျော် ဓမ္မကထိကကိုရင်ငယ် ရှင်ဥတ္တမသာရ ဝင်ရောက်ဖြေဆိုနေတဲ့ ရှင်သာမဏေတန်းစာမေးပွဲမှာ မြို့နယ်ပထမဂုဏ်ထူးဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။
၁၃၈၅-ခု ထန်းတပင်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မဟိတကာရီစာမေးပွဲ ရှင်သာမဏေတန်းကို ကိုရင်ငယ် ၁၆၃-ပါးဖြေဆိုခဲ့ပြီး ၁၁၁ ပါး အောင်မြင်ရာမှာ ကိုရင်လေးရှင်ဥတ္တမသာရက ပထမဂုဏ်ထူးကို ဆွတ်ခူးခဲ့တာဖြစ်တယ်လို့ ကိုရင်လေးရှင်ဥတ္တမသာရကို ပရိယတ္တိစာပေသင်ကြားပေးနေတဲ့ အရှင် ဉာဏောဘာသ ဖိစလောင်က ရေးသားထားပါတယ်။
ကိုရင်လေး ရှင်ဥတ္တမသာရဟာ တရားတော်တွေကို ဝါရင့်ဆရာတော်ကြီးတစ်ပါးလို တည်ငြိမ်အိန္ဒြေရှိရှိ ဟောပြောနိုင်တာကြောင့် ကျော်ကြားလာခဲ့ပြီး မြန်မာနိုင်ငံတင်မက ထိုင်းနိုင်ငံအထိပါ တရားပွဲတွေဟောပြောခဲ့ရပေမဲ့ ငယ်ရွယ်စဥ်မှာ စာမသင် စာမတတ်ဘဲ တရားဟောရင် အမှားပါနိုင်တာကြောင့် စာသင်တိုက်ပို့ဖို့ညွှန်ကြားခဲ့သလို ထန်းတပင်မြို့နယ် သံဃာ့မဟာနာယကအဖွဲ့ကဆရာတော်တွေ နှုတ်တိုက်စစ်ဆေးတာကိုလည်း အောင်မြင်ခဲ့သလို ပထမဆုံးဖြေဆိုတဲ့ ၁၃၈၅-ခု ထန်းတပင်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မဟိတကာရီစာမေးပွဲ ရှင်သာမဏေတန်းကိုလည်း ပထမဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တာပါ။
MT Entertainment က ကိုရင်လေး ရှင်ဥတ္တမသာရကို ပထမဆုံးအင်တာဗျုးလုပ်ခဲ့တာကိုလည်း ဒီရုပ်သံမှာ ပြန်လည်နားဆင်နိုင်မှာဖြစ်ပါတယ်။
◾ Youtube တွင် နားဆင်ရန်
ပုံစာ။ ကိုရင်လေးရှင်ဥတ္တမသာရ စာမေးပွဲဖြေဆိုနေမှုမြင်ကွင်းပုံရိပ်များ (ဓာတ်ပုံ – ဘုန်းကြီး & အရှင်ဉာဏောဘာသ ဖိစလောင်)