October 20, 2024

MT News
၆. ၃. ၂၀၂၄

MNDAA၊ AA နဲ့ TNLA မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကိုဖွင့်လှစ်ပြီး အပြည့်အဝထိန်းချုပ် ထားလိုက်တဲ့ မြို့တွေထဲက မန်တုံ၊ နမ့်ဆန်၊ နမ္မတူ မြို့ (၃) မြို့ကို SAC အစိုးရက စစ်အုပ်ချုပ်ရေးဥပဒေ ကျင့်သုံးမယ်လို့ မတ်လ (၄) ရက်နေ့မှာ ကြေညာလိုက်တာက SAC အစိုးရနဲ့ မြောက်ပိုင်းသုံးဖွဲ့အကြား သဘောတူထားတဲ့ ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်တွေ့အကောင် အထည် ဖော်ဆောင်ရာမှာ အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်မှာကို အထူးစိုးရိမ်မိနေတယ်လို့ မြောက်ပိုင်းသုံးဖွဲ့က ပြောလာပါတယ်။

တရုတ်နိုင်ငံ ကြားဝင်စေ့စပ်ပေးမှုအရ ရေးထိုးထားတဲ့ ဟိုင်ဂင်သဘောတူညီချက်အရ မြန်မာနိုင်ငံရဲ့ ရှမ်းမြောက်ဒေသမှာ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရမယ်၊ နောက်တစ်ဆင့် တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ မြောက်ပိုင်းဒေသအတွင်းက ပြည်သူလူထု စစ်ဘေးဒဏ်က ပြန်လည်ထူထောင်နိုင်ရေးတို့အတွက် ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး ခိုင်မာတဲ့ အပစ်ရပ်ရေးလုပ်ငန်းစဉ် ဖော်ဆောင်နိုင်ဖို့ ကတိပြုခဲ့ကြတယ်လို့လည်း မြောက်ပိုင်းသုံးဖွဲ့က ပြောပါတယ်။

ဒီလိုမျိုး ဟိုင်ဂင်သဘောတူညီချက် စာချုပ်ပါ အခြားသောအချက်အလက်တွေ တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းအကောင်အထည်ဖော်နေတဲ့ကာလအတွင်း မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ အပြည့်အဝထိန်းချုပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်း စီမံအကောင်အထည်ဖော်နေတဲ့ မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာတာက ဒေသတွင်း မိဘပြည်သူတွေကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်ပြီး၊ ဟိုင်ဂင် သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်တယ်လို့လည်း မြောက်ပိုင်းသုံးဖွဲ့က သူတို့စိုးရိမ်မှုကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *