October 19, 2024

၆. ၃. ၂၀၂၄
Written By Thandar

၂၀၂၄ ခုနှစ်အတွက် မကြာခင်ရိုက်ကူးမယ့် ပရိသတ်စိတ်ဝင်စားကြတဲ့ ထိတ်လန့်ခြောက်ခြားဖွယ် Slaughter Movie PIG ရုပ်ရှင်ဇာတ်ကားသစ်မှာ ပါဝင်မယ့်သရုပ်ဆောင်သစ်ကို ခေါ်ယူနေတယ်လို့ အကယ်ဒမီ ဒါရိုက်တာညိုမင်းလွင်က ပြောပါတယ်။

“ကျွန်တော်ကိုယ်တိုင်က သရဲကားတွေကို ကြိုက်တဲ့သူပါ။ ကိုယ်တိုင်ဖန်တီးရင်လည်း ထိတ်လန့် ခြောက်ခြားဖွယ်ရာ သရဲကားပဲဖန်တီးဖြစ်တာပါ။ ဒါပေမယ့် အမြဲတမ်း သရဲကားတွေပဲ ရိုက်မယ်လို့ မစဥ်းစားခဲ့ဖူးပါဘူး။ ပရိသတ်တွေ မိတ်ဆက်ချင်တဲ့ ဇာတ်ကားတစ်ခုရှိပါတယ်။ Slaughter Movie လို့ခေါ်တဲ့ လူသတ်ကားတွေက နိုင်ငံတကာမှာတော့ ပရိသတ်စိတ်ဝင်စားစောင့်ကြည့်ခံရတဲ့ ဇာတ်ကားတွေထဲမှာ အမျိုးအစားတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ သွေးသံရဲရဲ ပြကွက်တွေ ကြမ်းကြမ်းတမ်းတမ်း လူသတ်တာတွေ စိတ်ဝင်စားကြတဲ့ သူတွေ ကြည့်ချင်ကြတဲ့ ပရိသတ်တွေ ရာခိုင်နှုန်းတော်တော်များများ ထုနဲ့ထည်နဲ့ရှိတယ်ဆိုတာ ရှေ့မှာရှိတဲ့ Slaughter Movie အောင်မြင်ခဲ့တာ သက်သေပါ။ ကျွန်တော် ကိုယ်တိုင်လည်း Slaughter Movie ရဲ့ ပရိသတ်တစ်ယောက်ပါ။ ကျွန်တော့် ဇာတ်ကားနာမည်တွေထဲမှာ တစ်ခါမှမပေးဘူးသေးတဲ့ နာမည်ဖြစ်ပါတယ်။ ကျွန်တော်က ဇာတ်ကားနာမည်တွေကို စိတ်ဝင်တစားနဲ့ ပေးတတ်သူတွေထဲမှာ ပါပါတယ်။ညနာမည်တစ်လုံးထဲ ပေးတဲ့ဇာတ်ကား မရှိသေးပါဘူး။ ခု ပရိသတ်ကို မိတ်ဆက်ပေးမယ့်ကားနာမည်က နာမည်တစ်လုံးထဲပါ။ PIG ” လို့ အကယ်ဒမီ ဒါရိုက်တာညိုမင်းလွင်က ပြောပါတယ်။

ညိုမင်းလွင်ဟာ ထူးခြားမှုတစ်ခုကတော့ Video ဇာတ်ကားပေါင်းရာကျော် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ခဲ့ပြီးတာလည်းဖြစ်ပြီး သူ့ဘဝမှာ ဇာတ်ကားနာမည်တွေကို ထူးခြားစွာပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားက ပရိသတ်တွေအနေနဲ့ ရက်ရက်စက်စက်သေနေတဲ့အလောင်းပုံတွေကို Facebook က Hide ထားတဲ့ အခါမျိုးမှာ See Photo ကိုနှိပ်ပြီး ကြည့်တတ်တဲ့သူအတွက်လို့လည်း ဆိုပါတယ်။

“ကျွန်တော် မိတ်ဆက်ပေးမယ့် ဇာတ်ကားတွေမပြောချင်မှာ ဒီကားအတွက် ကျွန်တော်ရှာဖွေနေတဲ့ သရုပ်ဆောင်တွေအကြောင်းကို ပြောချင်ပါတယ်။ ကျွန်တော် အမျိုးသားနှစ်ဦး ၊ အမျိုးသမီး နှစ်ဦးရှာဖွေနေပါတယ်။ ကျွန်တော့်ဇာတ်ကားနဲ့ လိုက်ဖက်မယ့် သရုပ်ဆောင်တွေကို ကျွန်တော်ရွေးချယ်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အသက်၂၀ ကနေ ၃၀ ကြား အမျိုးသားနှစ်ဦး ၊ အသက် ၂၀ နဲ့ ၃၀ကြား အမျိုးသမီးနှစ်ဦးကို လိုအပ်ပါတယ်။ တကယ်လို့ Slaughter Movie ကြိုက်တဲ့သူဖြစ်မယ်ဆိုရင် ဒီလို သွေးသံရဲရဲ ပြကွက်တွေမှာ ပါဝင်သရုပ်ဆောင်ချင်စိတ်ရှိတယ်ဆိုရင် ဖိတ်ခေါ်ချင်ပါတယ်”လို့ အကယ်ဒမီ ဒါရိုက်တာညိုမင်းလွင်က ပြောပါတယ်။

ထိတ်လန့်ခြောက်ခြားဖွယ်ရာကားမှာ ပါဝင်သရုပ်ဆောင်လိုသူအနေနဲ့ CV Form ဖြည့်ပြီးတော့ ကိုယ်တိုင် စိတ်ကြိုက် ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့တကွ ကြေညာထားတဲ့ Page Massager ၊ ဖုန်း 09 896974791 Viber ကို ပို့ဆောင်စာရင်းသွင်းနိုင်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *