October 20, 2024

၆. ၃. ၂၀၂၄
Written by Nay Aung

ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲတပ်ဖွဲ့သည် ထိုင်းဘုန်းတော်ကြီးတစ်ပါးအသတ်ခံရခြင်းနှင့်ပတ်သက်ပြီး သံသယရှိသော မြန်မာနိုင်ငံသားတစ်ဦးကို မတ်လ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။

မဲဆောက်ရဲတပ်ဖွဲ့သည် အသက် ၆၂နှစ်အရွယ်ရှိ ထိုင်းဘုန်းတော်ကြီး ကရူဘာလက်ခ် အသတ်ခံရမှုနှင့်ဆက်နွှယ်ပြီး စီစီတီဗွီများစစ်ဆေးခြင်းအပြင် အခြား သက်သေများကို စုဆောင်းခဲ့ပြီးနောက် အသက် ၃၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဝင်းကျော်ဘို ဆိုသူကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား ဝင်းကျော်ဘိုသည် ထိုင်းဘုန်းကြီးဖြစ်သူ ဆီက ဘတ်ငွေ ၇၀၀ တောင်းဆိုရာမှ အငြင်းပွားခဲ့ပြီးနောက် မတ်လ ၁ ရက်နေ့ ညပိုင်းတွင် လူသတ်မှုကျူးလွန်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ ထိုင်းဘုန်းကြီးကို သစ်သားတုတ်ဖြင့် ဦးခေါင်းကို ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

ဝင်းကျော်ဘိုသည် လူသတ်မှုကျူးလွန်ခဲ့ပြီးနောက် ထွက်ပြေးရန် ကြိုပမ်းခဲ့ပြီး ထွက်မပြေးခင်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်မြို့ရဲတပ်ဖွဲ့ကပြောသည်။ အသတ်ခံရသော ထိုင်းဘုန်းတော်ကြီးသည် မဲဆောက်မြို့ အမှတ် (၆) မဲ့ကူထိုင်ကျေးရွာရှိ ဝက်တ်မိုင်ဆူဝန်ဘုန်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

မြန်မာနိုင်ငံသား ဝင်းကျော်ဘိုသည် လူသတ်မှုနှင့်ပတ်သက်ပြီး ဝန်ခံထားကြောင်း၊ ဘုန်းတော်ကြီး ကရူဘာလက်ခ်ထံမှ ရစရာရှိသော ဘတ်ငွေ ၇၀၀ တောင်းခံရာမှ ဘုန်းတော်ကြီးက ပေးရန်ငြင်းဆန်ခဲ့ရာ စိတ်ဆိုးဒေါသဖြစ်ခဲ့ပြီးနောက် ရေချိုးခန်းအတွင်း သွားရောက်ကာသစ်သားတုတ်ယူဆောင်ပြီးဘုန်ကြီး၏ ဦးခေါင်းကို ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်ဟု တက်ခ်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် ဆမ်ရစ် အက်ကာမွန်က ပြောသည်။

Ref thairath

Leave a Reply

Your email address will not be published. Required fields are marked *