October 20, 2024

၆. ၃. ၂၀၂၄
Written by Nyein Kyaw

ပြီးခဲ့သည့် ငါးလအတွင်း ပို့ကုန်ရ‌ငွေ ပြန်လည်ဝင်ရောက်မှု ဒေါ်လာသန်း ၂၈၀ ကျော်၊ တရုတ်ယွမ်သန်း ၃၂၀ ကျော်နှင့် ထိုင်းဘတ်သန်း ၈၇၀ ကျော် ဝင်ရာက်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၄၀ ခန့်၊ တရုတ်ယွမ်သန်း ၂၁၀ ကျော်နှင့် ထိုင်းဘတ်သန်း ၆၉၀ ခန့် ပိုမိုဝင်ရောက်ခဲ့ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက မတ်လ ၅ ရက်တွင် ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၄)တွင် ပြောကြားခဲ့သည်။

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုအနေဖြင့်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ ၁,၃၀၁ ခုမှ အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၃၆ သန်း၊ တရုတ်ယွမ် ၃၂၁ ဒသမ ၈၀ သန်းနှင့် ထိုင်းဘတ် ၈၇၆ ဒသမ ၁၅ သန်းဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ကာလတူဖြစ်သော ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ ၂၁၅ ခုမှ အမေရိကန်‌ဒေါ်လာ ၄၅ ဒသမ ၁၄ သန်း၊ တရုတ်ယွမ် ၁၀၉ သန်းနှင့် ထိုင်းဘတ် ၁၈၇ ဒသမ ၆၇ သန်းသာ ဝင်ရောက်ခဲ့သဖြင့် ကာလတူထက် ကုမ္ပဏီ ၁,၀၈၆ ခုမှ အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၂၂ သန်း၊ တရုတ်ယွမ် ၂၁၂ ဒသမ ၈၀ သန်းနှင့် ထိုင်းဘတ် ၆၈၈ ဒသမ ၄၈ သန်း ပိုမိုဝင်ရောက်ခဲ့သည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ပို့ကုန်ရငွေပေးသွင်းရန် ကျန်ရှိနေသေးသည့် ကုမ္ပဏီများကိုလည်း သတ်မှတ်ကာလအတွင်း ပေးခြင်းမရှိပါက သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ပို့ကုန်၊ သွင်းကုန် ငွေးကြေးဆိုင်ရာ မူဝါဒများအား ယခင်ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄) ပါအတိုင်း ဆက်လက်ဆောင်ရွက်စေလျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရေးနှစ်မကုန်မီ လျာထားချက်ပြည့်မီအောင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *