October 19, 2024

၆. ၃. ၂၀၂၄
Written by Pan Ei

နာမည်ကြီး ကေပေါ့ပ်အမျိုးသမီးအဖွဲ့ Twice ဟာ သူတို့ရဲ့နောက်ဆုံးထွက်မီနီအယ်လ်ဘမ် With You-th နဲ့ ပထမဆုံးအကြိမ် Billboard ရဲ့ အရောင်းရဆုံးအယ်လ်ဘမ် ၂၀၀ ဇယားမှာ နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပါတယ်။

Twice အဖွဲ့ရဲ့အယ်လ်ဘမ်သစ် With You-th ဟာ စတင်ထွက်ရှိပြီး တစ်ပတ်အတွင်း ရောင်းအား တစ်သန်းကျော်ရှိခဲ့ပြီး အမေရိကန်မှာ ရောင်းအားယူနစ် ၉၅,၀၀၀ နဲ့ အဖွဲ့ရဲ့ အနေအထားကို ထင်ဟပ်စေခဲ့ကြောင်း Billboard က ပြောကြားခဲ့ပါတယ်။

အဖွဲ့ဝင် ကိုးဦးဖြစ်တဲ့ Nayeon၊ Jeongyeon၊ Momo၊ Sana၊ Jihyo၊ Mina၊ Dahyun၊ Chaeyoung နဲ့ Tzuyu တို့ပါဝင်တဲ့ Twice ဟာ သူတို့ရဲ့ ၁၃ ခုမြောက် မီနီအယ်လ်ဘမ်ဖြစ်တဲ့ With You-th နဲ့ အတူ stream ပေါင်း ၆ ဒသမ ၃ သန်းရရှိခဲ့ပြီး Twice အဖွဲ့ဟာ အောင်မြင်မှုများစွာကို ရရှိနေပါတယ်။

ဒါ့အပြင် Twice ဟာ ဒီနေ့အထိ Billboard ရဲ့ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားမှာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့တဲ့ တတိယမြောက် ကေ့ပေါ့ပ်မိန်းကလေးအဖွဲ့ဖြစ်ပြီး အရင် နံပါတ် ၁ ရထားဖူးသူတွေက Born Pink အယ်လ်ဘမ်နဲ့ Blackpink၊ Get Up အယ်လ်ဘမ်နဲ့ New Jeans အဖွဲ့တို့ဖြစ်ကြပါတယ်။

Ref; Billboard

Leave a Reply

Your email address will not be published. Required fields are marked *