October 20, 2024

၆. ၃. ၂၀၂၄
Written by Thinzar

ဘီးလင်း-ဖာပွန်သွားကားလမ်းမပေါ်ရှိ “ပျဥ်သာ”တံတားကို KNU/PDF များမှ မတ်လ ၆ ရက် နံနက် ၆ နာရီကျော်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

ဘီးလင်းမြို့မှ မိုင် (၁၈)မိုင်ခန့်အကွာ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာ၊ ဘီးလင်း- နတ်ကြီး- ဖာပွန်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၇/၇)နှင့် (၁၈/၀)အကြားရှိ တံတားအမှတ် (၆/၁၈)၊ တံတားအရှည် ပေ(၁၂၀)၊ တံတားအကျယ် (၂၄)ပေ၊ သံကူကွန်ကူကရစ်အမျိုးအစား “ပျဉ်သာ”တံတားကို KNU/ PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် တံတားမှာ ကျိုးကျပျက်စီးသွားကြောင်း သိရသည်။

ထိုတံတားဖောက်ခွဲဖျက်ဆီးခံရမူ့ကြောင့် မော်တော်ယာဥ်များနှင့်ပြည်သူများအခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည်နှစ်ကလည်း ဘီးလင်းမြို့နှင့် သထုံမြို့တို့တွင် ဆက်သွယ်ထားသည့် တံတားများကို KNU/PDF များမှ ဖောက်ခွဲဖျက်ဆီးသည့် ဖြစ်စဥ်များရှိခဲ့သည်။

Photo -Credit

Leave a Reply

Your email address will not be published. Required fields are marked *