November 1, 2024

၆. ၃. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံ နာခွန်ပသွန်ပြည်နယ်မှာ အိမ်တွင်းအငြင်းပွားတိုက်ခိုက်မှုတစ်ခုအတွင်း မြန်မာအမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ထိုင်းအခြေစိုက် သတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။

ဖြစ်စဉ်ဟာ နာခွန်ပသွန်ပြည်နယ် ဘန်လန်းခရိုင်ရှိ ကုမ္ပဏီတစ်ခုရဲ့အလုပ်သမားရပ်ကွက်မှာ မတ်လ ၄ ရက် အစောပိုင်းက ရိန်း အမည်ရှိ အမျိုးသားနဲ့ အသက် ၂၅ နှစ်အရွယ် (မ)လင်းထွန်း ဆိုတဲ့ မြန်မာအမျိုးသမီးရဲ့အစ်ကိုတို့အကြား ပြင်းထန်တဲ့ ငြင်းခုန်မှုတစ်ခု ဖြစ်ပွားခဲ့ရာမှာ လင်းထွန်းက ဝင်ဆွဲရာက ရင်ဘတ်ကို ခုနစ်လက်မအရွယ် ဓားနဲ့ ထိုးခံခဲ့ရပါတယ်။

လင်းထွန်းဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတင်ထားရပြီး သူမရဲ့အခြေအနေကြောင့် ထုတ်ပြန်ချက် မထုတ်နိုင်ဘဲ ဘန်လန်းဆေးရုံက အာဏာပိုင်တွေထံ အကြောင်းကြားခဲ့တာပါ။ အဲ့ဒီနောက် ဘန်လန်း ရဲစခန်းက ဒုရဲအုပ် Uthis Lao Ha ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာကို ရောက်ရှိလာပြီး အခင်းဖြစ်ရာမှာ အသုံးပြုခဲ့တဲ့ သွေးစွန်းနေတဲ့ ဓားကို တွေ့ရှိခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ရိန်းက ဖောက်ပြန်တာကြောင့် လင်းထွန်းရဲ့ မိသားစုဝင်တွေကို ဒေါသပေါက်ကွဲစေခဲ့ပြီး အစ်ကိုဖြစ်သူနဲ့ ရိန်းတို့ အကြီးအကျယ်အငြင်းပွားနေခဲ့ချိန် လင်းထွန်းက ဝင်ဆွဲပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာကနေ ရိန်းက လင်းထွန်း ရင်ဘတ်ကို ဓားနဲ့ထိုးခဲ့တာလို့ သိရပါတယ်။

အခင်းဖြစ်ပြီးနောက် ရိန်းက အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပြီး ဓားထိုးမှုမှာ မရည်ရွယ်ဘဲ ထိုးခဲ့တာဖြစ်တယ်လို့ သံသယရှိသူ ရိန်းက ဝန်ခံထွက်ဆိုခဲ့ပါတယ်။ အခုအခါ သူဟာ လူသတ်မှု ကျူးလွန်ဖို့ ကြိုးပမ်းမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *