October 20, 2024

၅. ၃. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်အတွက် ပူးပေါင်းဆောင်ရွက်သွားရန် အဆင့်သင့်ရှိနေကြောင်း ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဋ္ဌ Say Chhum က ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခံရသော ဦးကျော်စိုးမင်းနှင့် တွေ့ဆုံချိန်တွင်ပြောခဲ့သည်။

ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူက ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်ကာလအတွင်း မြန်မာ့နိုင်ငံရေးကိစ္စများကို အဖြေရှာဖြေရှင်းနိုင်ရန် တက်ကြွစွာဆောင်ရွက်ခဲ့ကြောင်း၊ကမ္ဘောဒီးယားနိုင်ငံသည် ပြည်တွင်းစစ်အခက်အခဲကို ရင်ဆိုင်ရဖူးသော အတွေ့အကြုံရှိသည့်အတွက် မြန်မာနိုင်ငံ၏ အခြေ အနေနှင့် ဆက်ဆံရေးကိုတန်ဖိုးထားကြောင်း ပြောသည်။

၎င်းက “ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်သလို ညီရင်းအကို မိတ်ဆွေနိုင်ငံတွေလည်းဖြစ်တဲ့အတွက် အပြန်အလှန်ဆက်ဆံရေးက တစ်နိုင်ငံအပေါ်တစ်နိုင်ငံ အကျိုးကျေးဇူးဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကမ္ဘောဒီးယားနိုင်ငံနဲ့ စီးပွားရေးကို တိုးတက်အောင်လုပ်ဆောင်နိုင်မှာမဟုတ်သေးဘူး။ ရန်ဘက်များထက် မိတ်ဆွေသူငယ်ချင်းများပုံစံအတိုင်း အပေါင်းလက္ခဆောင်မှာဖြစ်တယ်။ အပြန်အလှန်ကူညီထောက်ပံ့ပေးခြင်းနဲ့ နှစ်နိုင်ငံကြားနီးကပ်တဲ့ ဆက်ဆံရေးက နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက်လည်း အဓိကအရေးပါတယ်” ဟုပြောသည်။

မြန်မာ့နိုင်ငံရေးကိစ္စများနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံံအချို့သည် မြန်မာအစိုးရကို ဖိအားပေးခဲ့သော်လည်း ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံအပေါ် ပျော့ပျောင်းသော သံတမန်ရေးချဉ်းကပ်သော ပုံစံမျိုးကို ထိန်းသိမ်းလုပ်ဆောင်ခဲ့ကြောင်းလည်း ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌကပြောသည်။

Ref phanompenhpost

Leave a Reply

Your email address will not be published. Required fields are marked *